တစ်ချို့လူတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ကြပါတယ်။
သူတို့တွေဟာ မွေးရာပါစိတ်ဓာတ်ကြံ့ခိုင်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ တစ်ခါတစ်လေ တစ်ချို့ကိစ္စတွေမှာ ရင့်ကျက်မှုနဲ့ စိတ်ထားတတ်မှုဟာ ဖြစ်ချင်လို့ဖြစ်ပေါ်လာရတာထက် ထိုမှတစ်ပါးရွေးချယ်စရာမရှိလို့သာ ရင့်ကျက်လာရတာပါ။
လူတွေတော်တော်များများဟာ ကိစ္စတစ်ခုကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုရှုံးနိမ့်တဲ့ အခါတွေမှာ စိတ်ဓာတ်ကျသွားတာရှိသလို တစ်ချို့ကလည်း ဒီပေါ်မှာ သင်ခန်းစာယူပြီး ရင့်ကျက်သွားတတ်ပါတယ်။
တကယ်တော လမ်းတွေရွေးချယ်စရာအများကြီးရှိပါတယ်။
အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရလာဒ်တွေကို သင်ခန်းစာအဖြစ်ယူပြီး ပြင်တတ်မယ်ဆိုရင် ဒါဟာ ရင့်ကျက်တည်ငြိမ်လာတယ်လို့ ပြောလို့ရပါမယ်။
ဒီလိုသင်ခန်းစာတွေဟာ သင့်ကို ဘဝခရီးလမ်းလျှောက်တတ်အောင် အကောင်းဆုံး ပြုစုပျိုးထောင်ပေးတဲ့ ကြိမ်လုံးတစ်ချောင်းလိုပါပဲ။
ရိုက်လိုက်စဉ်မှာတော့ အသားနာပါတယ်။ အသားနာဖူးတော့ နောက်တစ်ခါအရိုက်ခံရမှာကြောက်ရင် အမှားမလုပ်မိတော့ပါဘူး ။
Credit>>>မနုဿ

No comments:
Post a Comment