Tuesday, February 10, 2015

ဘေးနားက ယောကျာ်းကို တစ်ချက်လေ့လာကြည့်ပါ



-ယောကျာ်းတစ်ယောက်ဟာ ကိုယ့်အပေါ်မှာ အလွန်အမင်း သဝန်တိုပြတာ

-ယောကျာ်းတစ်ယောက်ဟာ ကိုယ့်အပေါ်မှာ မယုံမကြည် အမြဲဖြစ်နေတတ်တာ

-ယောကျာ်းတစ်ယောက်ဟာ ကိုယ့်ကို သူတစ်ယောက်ထဲနဲ့တင် တစ်ဘဝလုံး ပြီးပြည့်စုံနေတယ် ထင်နေရအောင် ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်နေအောင်ထားတာ

-ယောကျာ်းတစ်ယောက်ဟာ ကိုယ့်ကို အမြဲဂရုစိုက်သလိုလိုနဲ့ ကိုယ် ဘယ်ရောက်နေသလဲ လို့ မေးနေတတ်တာ

-ယောကျာ်းတစ်ယောက်ဟာ ကိုယ့်ကို ကိုယ်ပိုင်ဝင်ငွေ နဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေ ရနိုင်မယ့် အလုပ်တစ်ခုခုကို ပေးမလုပ်တာ

-ယောကျာ်းတစ်ယောက်ဟာ ကိုယ့်အပေါ်မှာ စကားတွေ မလိုအပ်ဘဲ ပလီပလာ နားထောင်ကောင်းအောင် သိပ်ပြောလွန်းတာ

လက်ထပ်ပြီးတဲ့အခါ လူယုတ်မာ (ယောကျာ်းယုတ်) ဖြစ်ဖို့ ရာခိုင်နှုန်း များတတ်ကြတယ်။
မယုံရင် ကိုယ့်ဘေးနားက ယောကျာ်းကို အချစ်စိတ်မွှန်နေတာလေးတွေ ဖယ်ပြီး ဥာဏ်အသိမျက်စိလေးနဲ့ ပါးပါးလေး လေ့လာကြည့်လိုက် .. သူဘယ်လိုယောကျာ်းမျိုး ဖြစ်နိုင်ချေ ရှိသလဲ ဆိုတာ ထင်းကနဲ တန်းမြင်လိမ့်မယ်။

အကြောင်းရင်းကတော့ .. ယောကျာ်းတွေက လိမ်ညာခြင်း အတတ်မှာ တော်တာ မဟုတ်ဘူး။
မိန်းမတွေက အချစ်စိတ်တွေ မွှန်ပြီး အပြစ်တွေကို မမြင်နိုင်ကြတာ .....


Credit>>> "သမီးဆိုး"

No comments:

Post a Comment