Wednesday, February 4, 2015

ရှည်လျားလှပတဲ့ ဆံကေသာ ပိုင်ဆိုင်နိုင်ပြီး ဆံပင်ကျွတ်ခြင်း ကင်းဝေးစေမယ့် အထိရောက်ဆုံးနည်း



ရှည်လျားပြီး နက်မှောင်တောက်ပကျန်းမာတဲ့ ဆံကေသာ ပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတွေရဲ့ အပြင်းပြဆုံး ဆန္ဒတွေထဲက တစ်ခုဖြစ်ပါတယ်။ အခု အရေပြားရောဂါ အထူးကုဆရာဝန်တွေက ထောက်ခံထားပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိပဲ ထိရောက်တဲ့ နည်းတစ်ခုကို တင်ပြပေးသွားပါမယ်။
ဆံပင်ကျွတ်နေရင် စမ်းသုံးကြည့်လိုက်ပါ။
ကြက်သွန်နီဟာ ကျန်းမာရေးအတွက် အကောင်းဆုံး ဟင်းသီဟင်းရွက် တစ်မျိုးဖြစ်ပါတယ်။ သူ့မှာ ဆံပင်ကြီးထွားဖို့အတွက် အလွန်အရေးပါတဲ့ ဆာလဖာ ပါဝင်ပါတယ်။
အရမ်းရိုးရှင်းတဲ့ နည်းဖြစ်ပြီး ရလဒ်ကတော့ ပထမတစ်လ အတွင်းမှာတင် အရမ်း သိသာလာမှာဖြစ်ပါတယ်။
ဒီဆေးဖော်စပ်ရန် အတွက် ကြွက်သွန်နီ ၂-၃ လုံးသာ လိုပါတယ်။
ကြက်သွန်နီတွေကို အသီးဖျော်စက်တစ်ခုထဲ ထည့်လိုက်ပါ။ အဲဒါလေးပါပဲ။ ရလာတဲ့ အရည်နဲ့ ဆံပင်ကို လိမ်းပေးပြီး ဦးရေပြားကို ၅မိနစ်ကြာ နှိပ်နယ်ပေးရမှာဖြစ်တယ်။ နှိပ်လို့ပြီးရင် ၁၅ မိနစ်ကြာ ဆက်ထားပေးရမှာပါ။ အချိန်ရသေးတယ်ဆိုရင် ၁ နာရီခန့် ထားပေးနိုင်ပါတယ်။ အချိန်ပြည့်ပြီဆိုရင် ခေါင်းကို ပုံမှန်အတိုင် လျော်ပေးရမှာဖြစ်ပါတယ်။
အဲဒီအတိုင်း တစ်လနှစ်ကြိမ် လုပ်ပေးရပါမယ်။ ပထမတစ်ကြိမ်နဲ့တင် အကျိုးရလဒ်က သိသိသာသာဖြစ်လာလို့ အံ့သြသွားပါလိမ့်မယ်။ ဘာလိုပဲဖြစ်ဖြစ် ကြွက်သွန်နီရဲ့ အနံ့အသက်ကြောင့် စိတ်တော့ ပျက်မသွားပါနဲ့။ ခေါင်းလျော်လိုက်ရင် ပျောက်သွားပါလိမ့်မယ်။


Credit>>>Trend Myanmar

No comments:

Post a Comment