Monday, February 2, 2015

ပထမဆုံး မြန်မာ-နိုင်ငံတကာ သံစုံတီးဝိုင်းရဲ့ ပထမဆုံး ဖျော်ဖြေမှု



ကွန့်မြူးစုံစွာ တေးသံသာဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသောOrchestra for Myanmar ဂီတသံစုံဖျော်ဖြေပွဲကြီးကို ဇန်နဝါရီ ၃၁ရက်နေ့က ရန်ကုန်အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပြီး ပရိသတ်ထောင်နဲ့ချီ တက်ရောက်အားပေးခဲ့ပါတယ်။
မြန်မာတယော၊ ချဲလို၊ ဘေ့စ်၊ ကီးဘုတ်၊ စောင်းစတဲ့ ရိုးရာတူရိယာတွေနဲ့အတူ မြန်မာလူငယ်တွေအများအပြား ပါဝင်တီးခတ်တဲ့ ဂီတပညာရှင် ဒါရိုက်တာSebastian See-Schierenberg ဦးဆောင်တဲ့ သံစုံတီးဝိုင်းမှာ ပါဝင်တဲ့ Kelvin Yang က နိုင်ငံတကာပညာရှင်တွေနဲ့အတူ သင်ယူရမယ့်အခွင့်အရေးဖြစ်တာမို့ မြန်မာလူငယ် ဂီတဝါသနာရှင်တွေအတွက် အများကြီးအကျိုးရှိတဲ့ပွဲလို့ ပြောပါတယ်။
မြန်မာဂီတနဲ့ အနောက်တိုင်းဂီတဟာ သီးခြားစီဖြစ်နေရာက အခုလို တိုင်းပြည်ပွင့်လင်းလာချိန်မှာ အနောက်တိုင်း ဂီတပညာရှင်တွေ ရောက်လာပြီး ကမ္ဘာသိအောင် မြန်မာဂီတကို ပူးတွဲဖန်တီးတဲ့အတွက် နိုင်ငံတကာက လက်ခံလာပြီး မြန်မာ့သံစဉ် နဂါးနီသီချင်းကို အနောက်တိုင်းပုံစံနဲ့ပေါင်းစပ် ဖျော်ဖြေခဲ့တာမို့ ကမ္ဘာ့ပရိသတ်တွေ တိုးလာမှာကြောင့် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။
တစ်နှစ်ခွဲအတွင်းမှာ မြန်မာလူငယ်တွေအများကြီးနဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံတကာအဆင့်မီ သံစုံတီးဝိုင်းကြီးတစ်ခု ဖန်တီးဖို့ အခွင့်အရေးတွေဟာ ချစ်ကြည်ရင်းနှီးမှုတွေကနေ လက်တွေ့ဖြစ်လာတာပါလို့ ဆီဘတ်စရှန်းက စရှင်းပြပါတယ်။ ဒါဟာ တကယ့်ကို ကနဦးအစပဲရှိသေးပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ သံစုံတီးဝိုင်းကြီးတစ်ခု ပေါ်လာဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
စိတ်ဝင်တစားနဲ့ ပွဲလာကြည့်တဲ့ မဇာခြည်အောင်က တေးရေး ဓိရာမိုရ်ဦးဆောင်ပြီး ဆောင်းရယ်၊ နှင်းရယ်ကိုယ့်ချစ်သူရယ် သီချင်းကို မြန်မာနဲ့နိုင်ငံတကာ ပညာရှင်တွေနဲ့ တွဲဖက်တင်ဆက်သွားတာ အရမ်းကောင်းတယ်လို့ ပြောပြီး သူ့ဆန္ဒနဲ့ကွက်တိ ကျခဲ့ပါတယ်လို့ ဆိုပါတယ်။
မြန်မာပြည် ဂီတပြန့်ပွားရေးအတွက် အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ဂီတမိတ်၊ AOC Orchestra၊ The Kachin Seminary College၊ Yangon Baptist Church နဲ့ British International School တို့ ပူးပေါင်းဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။



Credit>>>Kamayut Media

No comments:

Post a Comment