Sunday, February 1, 2015

ကိုယ်ဝန်ဆောင်ချိန်မှာ မအီမသာဖြစ်တာတွေ၊ ပျို့ချင်အန်ချင်ဖြစ်တာတွေကို ဘယ်လို ကုစားကြမလည်း။




ကိုယ်ဝန်ဆောင်ချိန်မှာ မအီမသာဖြစ်တာ၊ ပျို့ချင်အန်ချင်တာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေဖြစ်ပါတယ်။ ဒါလိုဖြစ်တာတွေဟာ ကိုယ်ဝန်ဆောင်ကာလ ၆ပါတ်လောက်မှာစတင်တွေ့ကြုံရပြီး အများစုဟာ ၁၂ပါတ်လောက်မှာ အလိုလိုသက်သာပျောက်ကင်းသွားကြတယ်လို့ဆိုပါတယ်။
ဒီလိုဖြစ်တာတွေဟာ ကလေးကိုထိခိုက်မူလုံးဝမရှိပါဘူး။ဒါပေမယ့်တစ်ချိန်လုံးအပြင်းအထန်ဖြစ်လာရင်တော့ အစားမစား၊ အဟာရပျက်လာတတ်ပြီး ဒီလိုဖြစ်တာကိုလုံးဝ မကုစားရင် ကြာလာချိန်မှာ မိခင်ကော ကလေးကိုယ်ပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့်ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝဖြစ်သော်လည်း ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး သက်သာအောင်ကုစားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များရဲ့ ၅၀% ကျော်ဟာဒီလို မအီမသာဖြစ်တာ၊ပျို့ အန်ချင်တာတွေကို ခံစားကြရပါတယ်။ ဒီလိုဖြစ်တာတွေဟာ ကိုယ်တွင်း ဟော်မုန်း များပြားလာခြင်းကြောင့်ဖြစ်ပြီး ဆရာဝန်အများစုကတော့ဒါဟာအချင်းကောင်းစွာဖွံ့ ဖြိုးလာလို့ဖြစ်သောကြောင့်ကောင်းတဲ့အချက်အဖြစ်ယူဆကြပါတယ်။
အချို့ အရာတွေက လည်း ဒီလိုဖြစ်တာတွေကို အနည်းငယ်သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။


-မနက် အိပ်ယာထထခြင်း အိပ်ရာထဲတွင်ပင် မျက်လုံးပွင့်လာသည်နှင့် ဂျုံစစ်စစ်နင့်ပြုလုပ်ထားတဲ့ ဘီစကစ်မုန့်များ၊ soda cracker များကို စားသုံးပေးသင့်ပါတယ်။

-အစာကိုတစ်ခါတည်းများများစားခြင်းထက် နည်းနည်းနှင့်အကြိမ်များများ စားသုံးပေးသင့်ပါတယ်။

-အစားမစားခင် နာရီဝက်လောက်တွင် အရည်သောက်သင့်ပြီး အစာစားနေစဉ်တော့ မသောက်သင့်ပါဘူး။ အစားစားနေစဉ်မှာတော့ ရေအေး ဒါမှမဟုတ် အချဉ်ရည်များကိုသာသောက်သင့်တယ်လို့ တစ်ချို့ကဆိုပါတယ်။

-နေ့စဉ် အရည်ရွမ်းသော အသီးများကိုလည်း စားသုံးပေးသင့်ပါတယ်။ အစားမစားချင်ပါကလည်း ငှက်ပျောသီးစားသုံးသင့်ပါတယ်။

-တစ်ခါတစ်ရံကိုယ်စားချင်တာကို ကိုယ်တိုင်ချက်ပြုတ်စားသောက်သင့်သလို သူများချက်ပြုတ်ပါကလည်း မစားခင် အနံ့တွေ မိမိထံရောက်နေပြီး စိတ်သောက်ခြင်စိတ် ကြိုပျက်သွားတာမျိုးမဖြစ်အောင်လည်း မီးဖိုမှ အနံ့များမိမိထံမရောက်စေရန် ပြုလုပ်ထားသင့်ပါတယ်။

-ဘာပဲဖြစ်နေနေ ဘယ်လို ပဲခံစားနေရပါစေ မစားမသောက်ပဲနေတာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။

-နေ့ခင်းနေ့လည်များတွင် ခေတ္တခဏအိပ်စက်သင့်ပါတယ်။

-ပူအိုက်ခြင်းဟာလည်း မအီမသာဖြစ်ခြင်းကို ပိုမိုဖြစ်စေနိုင်လို့ အေးတဲ့နေရာမျိုးတွေမှာရှာဖွေနေထိုင်သင့်ပါတယ်။

-ဂျင်းနှင့်ပျားရည်၊လီမွန်ဖျော်ရည်၊ဖရဲသီးတွေဟာလည်း မအီမသာဖြစ်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

-အနည်းငယ်ငန်တဲ့ အာလူးပြားကြော်များကိုလည်း စားသောက်ပါက သက်သာစေတယ်လို့ဆိုပါတယ်။***ဆိုးဆေးနဲ့ မသန့်တဲ့ ဆီကြော်တွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်***

-အားကစားလုပ်ခြင်း၊ စိတ်ဝင်စားတဲ့အရာတစ်ခုခုကိုပြုလုပ်ပေးခြင်းဟာလည်း သက်သာပျောက်ကင်းစေပါတယ်။

-အစားအသာက်စားပြီးတာနှင့်ချက်ခြင်းအိပ်စက်ခြင်းအနားယူခြင်းမျိုးမပြုလုပ်သင့်ပဲ အစာကြေစေဖို့ အနည်းငယ် လမ်းလျှောက်ပေးသင့်ပါတယ်။

-စပ်တဲ့အစားအသောက်တွေနဲ့ အနံ့ပြင်းတဲ့အစားအသောက်များကိုလည်းရှောင်ရှားရပါမယ်။

-အစားအသောက်တွေဟာ ပူတဲ့အချိန်မှာ အနံ့ပျင်းသဖြင့် အနည်းငယ်အေးတဲ့အချိန်မှာ စားသောက်ပါကလည်း ပိုမိုစားဝင်စေပါသည်။

-အဆီများတဲ့အစားအစာတွေဟာ အစာခြေဖျက်မူနှေးစေတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။

-အစာစားပြီးတိုင်သွားနှင့်လက်ကို အနံ့တွေပျောက်ကင်းတဲ့အထိ သေချာဆေးကြောရပါမယ်။

-နေမကောင်းတာမဟုတ်တဲ့အတွက် အိပ်ယာထဲမှာ တစ်နေကုန်နေခြင်းမျိုးမပြုလုပ်သင့်ပဲ လေကောင်းလေသန့်ရတဲ့နေရာတွေမှာ အသက်ရူလေ့ကျင့်ခန်းမျိုးပြုလုပ်ပေးပါကလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

-သူငယ်ချင်းများနှင့် အပြင်ထွက်လည်တာမျိုး၊ ဈေးဝယ်ထွက်တာမျိုးပြုလုပ်ပေးနိုင်ပြီး စားချင်တဲ့အစာတွေ့သည်နှင့် အနည်းငယ်အဟာရဖြစ်စေရန်စားသုံးပေးသင့်ပါတယ်။

-မိမိပါတ်ဝန်ကျင်မှ မိသားစုများမှလည်း မိမိမစားခြင်သောအစားအသောက်များကို ကြွေးခြင်း၊ ရှေ့တွင်စားသောက်ခြင်းများကို ရှောင်ရှားသင့်ပါတယ်။

-နောက်ဆုံးအချက်အနေနဲ့ကတော့ ဆရာဝန် ၊ နီးစပ်ရာကျန်းမာရေးမှူးများနှင့်ပြသသင့်ပြီး ဆေးဝါးများသောက်သုံးခြင်းဖြင့်ကုသနိုင်ပါတယ်။


Credit>>>Happy Mom Pregnancy Pillow


No comments:

Post a Comment