Wednesday, February 11, 2015

စိတ်ဓာတ်က နေရာဒေသနဲ့မဆိုင်ဘူး ကိုယ်အပေါ်မှာပဲ တည်တယ်




မနေ့က ဆေးရုံကြီးမှာ ထမင်းနဲ့ ဟင်း ရေသန့်ဝေတော့အနီးအနားက ဆိုင်ကယ် ကယ်ရီဆရာတွေ ရော
သန့်သန့်ပြန့်ပြန့် ဝတ်ထားတဲ့ လူတွေ က ၂ခေါက် လောက် ပြန်ယူတာ သတိထားမိပါတယ်။
ေ ဝေနေတာလည်း၁၀ပတ်ရှိပြီလေနော။ဒီနေ့လမ်းဘေးကလေးလေးတွေ တောင်းစားနေတဲ့ကလေးလေးတွေ ကိုမုန့်ရယ် ရေသန့်ဘူးရယ် ပံ့သကူ ဝေတော့ တော်တော်လေးပေတူး ညစ်ပတ်နေတဲ့ကလေးမလေး က ၅ နှစ် အရွယ် ကလေးချီလာလို့ မုန့် ၂ထုပ်ပေးတော့ ကလေးမလေးကဦးလေး သမီးက ဟိုနားဝေတုန်းက ရပြီးပြီ သမီး မောင်လေးမရသေးလို့ သူဖို့လာယူတာဆိုပြီး ၁ထုပ်ပဲ ယူသွားတယ်။
လူကသာ ဘဝပေးကြောင့် ညစ်ပတ်နေတာ စိတ်ဓာတ်တွေက
ကိုယ်တို့တွေထက် မြင့်မြတ် ဖြူစင် လို့ ဒီစာစု နဲ့ ဂုဏ်ပြုပါတယ်ခင်ဗျာ။

အဲလိုစိတ်ဓာတ်လေးတွေ လူတိုင်း အထူးသဖြင့် ငို့ဘ ငါ့ဘို့ ဆိုတဲ့ လူတွေ မှာရှိရင်
ဒီမိုကရေစီတောင်လိုမယ်မထင်ဘူးနော လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်
အားလုံး ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ


Credit>>>Myo Gyi

No comments:

Post a Comment