ခေတ်သစ် မီးခွက် အာလာဒင် ဇနီးမောင်နှံ နှစ်ဦး အိမ်ရှေ့ က
မြက်ခင်းပြင်မှာပဲ ဂေါက်ရိုက်နေပါတယ်။ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို
သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ ရိုက်လိုက်တဲ့ ဂေါက်သီးဟာ တစ်ဖက်အိမ်က
ပြတင်းပေါက် သွားထိပါတယ်။ ဒီတော့ အမျိုးသားက
"မင်းကိုပြောသားပဲ။
သေချာဂရုစိုက်ရိုက်ပါလို့။ ခုတော့ ငါတို့ သွားတောင်းပန်ရတော့မယ်"
လို့ပြောပြီး တစ်ဖက်အိမ်ကို တောင်းပန်ဖို့ သွားပါတယ်။ တံခါးပေါက် တစ်ချက်ပဲ
ခေါက်ရသေးတယ် အထဲက အဖိုးအို တစ်ဦးမှ နွေးထွေးပြူငှာစွာပဲ ကြိုဆိုတယ်။
အံ့သြစွာနဲ့ပဲ အထဲဝင်တော့ ထိုင်ခုံမှာ အေးဆေးထိုင်စေပါတယ်။ ကွဲသွားတဲ့
ပြတင်းပေါက် ကလည်း ပြန်ပြင်ပြီးသားဖြစ်ပြီး ဘေးမှာ မှန်အကွဲ တစ်ချို့ ကို
စုပုံထားပါတယ်။ "ကွဲသွားတဲ့မှန်အတွက် တောင်းပန်ပါတယ်ဗျာ။ ကျနော်တို့
ဘာပြန်လုပ်ပေးရ မလဲခမျာ" လို့ အမျိုးသားက မေးတော့ အဖိုးကြီးက အောက်ပါ
အတိုင်း ပြန်ဖြေပါတယ်။ "မလိုဘူးဗျ။ အမှန်တော့ ကျနော်ကတောင် ခများတို့ကို
ကျေးဇူးတင်ရမှာ။ ကျနော်က ဒီအိမ်မှာပိတ်မိနေတဲ့ မီးခွက်စောင့် နတ်တစ်ပါးပါ။
ကျနော် ဒီအိမ်မှာ ပိတ်မိနေတာ နှစ် ၄၀၀ ကျော်ပြီ။ ခု ခများတို့
ရိုက်လိုက်တဲ့ ဂေါက်သီးက မှန်လာကွဲစေလို့သာ ကျနော်လွတ်ရတာပါ။ ဒီတော့
ကျေးဇူးဆပ်တဲ့အနေနဲ့ မိတ်ဆွေတို့ နှစ်ယောက်ကို ဆု တစ်ခုစီ
တောင်းခွင့်ပေးမယ်။ ကျနော်လည်း မိတ်ဆွေတို့ဆီကနေ ဆုတစ်ခု ပြန်တောင်းမယ်။
အဆင်ပြေမယ်ဆိုရင်ပေါ့" ဒီတော့ ခင်ပွန်းဖြစ်သူက ဝမ်းသာအားရစွာနဲ့ပဲ
တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ သန်း အလိုအလျောက်ငွေပုံမှန် ဝင်နေစေဖို့ ဆုကို
ပေးဖို့တောင်းပါတယ။် အမျိုးသမီးကလည်း ကမ္ဘာပေါ်မှာ ဇိမ်အကျဆုံး
အိမ်တစ်လုံးနဲ့ ဝန်ထမ်းပေါင်း များစွာ ရှိချင်တယ်လို့ တောင်းပါတယ်။
"ဟုတ်ပြီ။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သန်းဝင်ပြီး ဘယ်တော့မှ
မဆင်းရဲစေရအောင် ဆုတွေ ပြည့်စေမယ်။ ဒီက အမျိုးသမီးကိုလည်း နတ်စည်းစိမ်လို့
ပြည့်စုံလှတဲ့ အိမ်တစ်လုံးနဲ့ အစေခံကောင်းများ ရစေပါမယ်။ အပိုဆုအနေနဲ့
နှစ်ဦးစလုံး ဘေးမသီ၊ရန်မခ အသက်ရှည် ကျန်းမာစေရမယ်။ ဟုတ်ပြီ။
ကျနော်လိုချင်တဲ့ ဆုကို ပြန်တောင်းမယ်။ ကျနော်က ဒီအိမ်မှာပိတ်နေတာ နှစ် ၄၀၀
မကတော့ဘူး။ အခု အလိုချင်ဆုံး ကတော့ မိန်းကလေး တစ်ယောက်နဲ့ အတူအိပ်ဖို့ပဲ။
ဒီတော့ ခများအမျိုးသမီးနဲ့ ခဏအတူအိပ်ခွင့် ပေးနိုင်မလား။ ဒါကျနော့
တောင်းဆိုမှုပါ" လို့ အဖိုးအိုက အထက်ပါအတိုင်း ဖြေကြားပြီး မေးမြန်းပါတယ်။
ဒီတော့ ဇနီးမောင်နှံနှစ်ဦးတွေဝေသွားပါတယ်။ သို့ပေမယ့် အတန်ကြာ စဉ်းစားပြီး
အမျိုးသားက ဇနီးကို "ချစ်ရေ။ တို့တွေမှာ အလွန်ကောင်းတဲ့
အနာဂတ်တစ်ခုရှိနေပြီ။ သေလည်းသေချာနေပြီ။ ဒီမီးခွက်စောင့် နတ်ရဲ့ 
တောင်းဆိုမှုက မျှတပါတယ်။ မောင် ကတော့ သဲဆုံးဖြတ်အတိုင်းပါပဲ" လို့
ပြောပါတယ်။ ဇနီးဖြစ်သူကလည်း "အင်း။ ဟုတ်တယ်။ အနာဂတ်က သေချာနေပြီပဲ။ မောင်
လည်းကြည်ဖြူတယ်ဆိုရင် သဲပေးဆပ်ရဲပါတယ်။ နတ်တစ်ပါးနဲ့ တစ်ကြိမ် တစ်ခါ
အတူအိပ်တဲ့အပေါ် မောင်လည်း နားလည်ပေးမယ်ဆို သဘောတူ ပါတယ်" ဒီတော့ နှစ်ဦးသား
တိုင်ပင်ပြီး ခေါင်းညိတ်လိုက်တော့ အဖိုးအိုဟာ အမျိုးသမီးကို
အပေါ်ထပ်ခေါ်သွားပြီး သူ့ဆန္ဒအတိုင်း လိုက်လျောစေပါတယ်။ အတန်ငယ်ကြာပြီးနောက်
အဖိုးအိုက အမျိုးသမီးကို မေးပါတယ်။ "ကလေးမ အသက်ဘယ်နှစ်နှစ်ရှိပြီလဲ" " ၃၅
နှစ်ရှိပါပြီ"လို့ အမျိုးသမီးက ပြန်ဖြေတော့ အဖိုးအိုက အောက်ပါ အတိုင်း
ပြန်ပြောပါတယ်။ "သေသင့်တယ်။ အသက်က ၃၅ နှစ်ရှိပြီ။ ခုထိ
အာလာဒင်မီးခွက်စောင့်နတ်တွေ ကို ယုံကြတုန်းပဲ" --- သင်ခန်းစာ - လောဘ စိတ်ဟာ
ဆင်ခြင်တုံ တရားကို ကျော်လွန် သွားရင် မဖြစ်သင့်တာ ဖြစ်ရ ပါတယ်။
Credit>>>Yoeyarlay
Tuesday, February 3, 2015
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment