တရုတ်သရုပ်ဆောင် မင်းသမီးကျန်းဇီယီသည် မောင်း သူမဲ့လေယာဉ်တစ်စီးဖြင့်
၎င်းထံ သို့ စိန်လက်စွပ်တစ်ကွင်းပို့လိုက် သော ချစ်သူဝမ်ဖန်း၏ လက်ထပ်
ခွင့်တောင်းဆိုမှုကို လက်ခံလိုက်
သည်ဟု တရုတ်မီဒီယာများက ဖော်ပြကြသည်။
အဆိုတော် ဝမ်ဖန်းသည် ကျန်းဇီယီ၏ အသက် (၃၆)နှစ် ပြည့်မွေးနေ့ပါတီသို့ လက်စွပ်ကို သ
ယ်ဆောင်၍ ပျံသန်းလာသည့် မောင်းသူမဲ့အဖြူရောင်လေယာဉ် တစ်စီးပို့ပေးခဲ့သည်။ ထို့နောက် တွင် ဝမ်ဖန်းသည် မောင်းသူမဲ့ လေယာဉ်ထဲမှ စိန်လက်စွပ်ကိုယူ ၍ ကျန်းဇီယီထံ လက်ထပ်ခွင့် တောင်းခံခဲ့သည်။
ဝမ်းသာပီတိဖြစ်၍ မျက် ရည်များဝဲနေသော ကျန်းဇီယီ သည် မွေးနေ့ပွဲလာဧည့်ပရိသတ် များ၏ လက်ခုပ်ဩဘာသံများ ကြားမှ ဝမ်ဖန်း၏ လက်ထပ်ခွင့် တောင်းဆိုမှုကို လက်ခံခဲ့သည်။
ဖေဖော်ဝါရီ ၈ ရက်နံနက် တွင် ကျန်းဇီယီတင်ထားသည်ဟု ယူဆရသော "I do" ဟူသည့် စာသားနှင့် မီးရှူးမီးပန်းဓာတ်ပုံ တစ်ပုံပါ လူမှုမီဒီယာအကောင့် တစ်ခု၌ မှတ်ချက်ထောင်ပေါင်း များစွာပေးခဲ့ကြသည်။
တရုတ်နာမည်ကျော်ရော့ခ် အဆိုတော် ဝမ်ဖန်းသည် ကျန်းဇီ ယီနှင့် ချစ်ဇာတ်လမ်းမတိုင်မီ အိမ်ထောင်နှစ်ဆက်ရှိခဲ့ပြီး ၂၀၁၃ တွင် ဒုတိယအိမ်ထောင်နှင့် ကွာ ရှင်းခဲ့သည်။

No comments:
Post a Comment