ဘယ်လိုတွေ ဘယ်လောက်တာင်မှ ထောင်းဖိထုနှက်တာ ခံစားခဲ့ရပြီးမှ
ဒီနေ့ ဒီအခြေအနေဆိုတာ ဖြစ်ပေါ်လာခဲ့ရတာလဲ သိကြရဲ့လား။
ကျွန်မဘ၀မှာ အိပ်မက်ဆိုးဆိုးတွေ အများကြီး မက်ဖူးခဲ့ပါတယ်။
မဟုတ်တဲ့သူတွေ၊ ကိုယ်ချင်းစာစိတ် မရှိတဲ့သူတွေကြောင့် သေရကြေးဆို ကျွန်မသေခဲ့တာ အကြိမ်ကြိမ်ပေါ့။
ပြန်ရှင်သန်တိုင်း တွဲကူမဲ့လက်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။
ဒါပေမဲ့ ကျွန်မအသက်ရှင်ဖို့ ကျွန်မကိုယ်ကျွန်မပဲ ပြန်လည်ကုသ အသက်သွင်းခဲ့ရတယ်။
ကျွန်မ အသက်ရှင်နေမှ ဖြစ်မယ်လေ ။
ကျွန်မမှာ ကျွန်မကို မှီခိုနေရတဲ့ မိသားစုရှိနေတယ်။ နောက်ပြီး အသက်ရှင်နေသမျှ ကာလပတ်လုံး ကျွန်မ အရင်ကကောင်းခဲ့တာထက် တစ်ရက်ပြီးတစ်ရက် ပိုကောင်းပြနိုင်မှ ကျွန်မကို မကောင်းပြောတဲ့သူတွေရဲ့ စွပ်စွဲပြောဆိုမှုကနေ လွတ်မြောက်ကြမှာပေါ့။
ထိခိုက်နာကျင်တိုင်း အခန်းအောင်းပြီး အိပ်ယာထဲလဲစတမ်းဆို ... တွေ့လား ငါတို့ပြောတာ မှန်နေလို့ဆိုတာ ဖြစ်သွားမှာပေါ့။
မရှက်တတ်လို့ မဟုတ်ပါဘူး ။
တကယ်တမ်းရှက်ရမဲ့သူက ကိုယ်ချင်းမစာနာပဲ မဟုတ်တမ်းတရား ပြောထွက်သူက ပိုပြီး ရှက်သင့်တယ်ဆိုတာ သိသွားလို့ပါ။
သူငယ်ချင်း အပေါင်းအသင်း ကိုယ်ရပ်တည်ရာ ပတ်ဝန်းကျင်က ပြောသလိုပေါ့။
နင်ဘာလဲဆိုတာ ငါတို့အားလုံး ကောင်းကောင်းသိတယ်။
သူတို့ဘာလဲဆိုတာ သူ့တိုရဲ့ လုပ်ရပ်တွေက ပြသွားပေးတယ်တဲ့။
အမှန်တရားကို အချိန်ရယ် လုပ်ရပ်ရယ်က ပြသပေးသွားပါလိမ့်မယ် လို့ ယုံကြည်ပါတယ်။
အဲ့ဒီအတွက် ရှင်သန်နေသမျှ ကာလပတ်လုံး လိပ်ပြာသန့်သန့်နဲ့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ပိုပြီး လိုအပ်ပါလိမ်မ့ယ်။
တစ်ချိန်ကြရင် သူ့အလိုလို ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြသွားပါလိမ့်မယ်။
ဒါကြောင့် ကျွန်မရဲ့ အောင်မြင်မှုတိုင်းမှာ နာကျင်မှုတွေ ၊ ဒဏ်ရာတွေ ၊ လူဆိုးဆိုးတွေ၊ အတိတ်တွေ ၊ အိပ်မက်ဆိုးတွေက အကောင်းဆုံး လှေကားထစ်ဖြစ်ခဲ့ကြရတယ်။
အဲ့ဒီအတွက် ကျေးဇူးတင်မိတယ် တစ်ချိန်က ကိုယ်ချင်းမစာတတ်ခဲ့တဲ့ သူတို့သူတို့တွေကို ...
Credit>>>မနုဿ
No comments:
Post a Comment