ဆရာကြီးတစ်ယောက်ကမိမိတပည့်တွေကိုစာသင်ခန်းထဲမှာလက်တွေ့ သရုပ်ပြနေတယ်လို့ စိတ်ကူးယဉ်ကြည့်
ရအောင်
။ကျောင်းသား တွေ ရဲ့  ရှေ့ မှာ အ၀ကျယ် ရေတကောင်း တစ်ခု ပေးထားပါမယ်။ ရေတကောင်းဘေးမှာတော့ ကွမ်းသီးလုံးလောက် ရှိတဲ့ ကျောက်ခဲတွေ ရယ်၊ လက်သည်းခွံလောက် ရှိတဲ့ ကျောက်စလစ်ခဲတွေ ရယ်၊ စပါးစေ့ အရွယ်လောက် ရှိတဲ့ ကျောက်စလစ် သေးသေးလေးတွေ ရယ်၊ သဲတစ်ဆုပ်ရယ်၊ ရေ ပါရှိတဲ့ ရေဘူးတစ်ဘူး ရယ် ရှိပါ့မယ်။ အဲ့ဒီ အရာတွေ အားလုံးကို ရေတကောင်းထဲကို ၀င်နိုင်သမျှ ၀င်အောင် ထည့်ရမယ်လို့ ပြောပြီး ကျောင်းသားတွေကို ထည့်ခိုင်းပါတယ်။
အဲ့ဒီနောက်မှာ ကျောင်းသားတွေကို ထည့်ခိုင်းပါတယ်။
ေ
ကျောင်းသားတွေက သဲတစ်ဆုပ်ကို အယင် လောင်းထည့်လိုက်တယ်… ပြီးတော့ ရေ ကို လောင်းထည့်လိုက်တယ်။ ရေတကောင်း တစ်ခုလုံး ကော်ဖီ ဖျော်ထားသလို သဲနဲ့ ရေ ရောသွားတယ်။ ပြီးတော့ စပါးစေ့လောက် ကျောက်စလစ်သေးသေးလေးတွေကို ထည့်လိုက်တယ်။ ချက်ချင်းပဲ အောက်မှာ အနယ် သွားကျတယ်။ ပြီးတော့ ကွမ်းသီးလုံးလောက် ရှိတဲ့ ကျောက်ခဲကြီးတွေထည့်ဖို့ ကြိုးစားကြည့်တယ်။ တော်တော်ဝင်သွားပေမယ့် ကျောက်ခဲကြီး တော်တော်များများ အပြင်မှာ ကျန်နေတယ်။ လက်သည်းခွံ လောက် ကျောက်စလစ်ခဲတွေ လုံးဝ မထည့်ရသေးဘူး။
အဲ့ဒါနဲ့ ကျောက်ခဲကြီးတွေထည့်တာကို ရပ်… လက်သည်းခွံလောက် ကျောက်စလစ်ခဲတွေ ထည့်တယ်။ အကုန် မကုန်ခင် ရေတကောင်းထဲက ရေတွေ စိမ့်ထွက်လာတယ်။ အပြင်မှာ ကွမ်းသီးလုံးလောက် ကျောက်ခဲကြီးတွေနဲ့ လက်သည်းခွံလောက် ကျောက်စလစ်ခဲတွေ အများကြီးကျန်သေးတယ်။
ေ
နောက်ဆုံးတော့ ဆရာကြီးက ကျောင်းသားတွေကို ရပ်ခိုင်းလိုက်တယ်…… ပြီးတော့ သူကိုယ်တိုင် ရေတကောင်း အသစ်မှာ ထည့်ပြတယ်။
ဆရာကြီး ဘယ်လို ထည့်သလဲ။
ပထမဦးဆုံး ကွမ်းသီးလုံးလောက် အခဲကြီးတွေကို အယင် ထည့်လိုက်တယ်။ အကုန် ၀င်သွားတယ်။
ပြီးတော့ လက်သည်းခွံလောက် ရှိတဲ့ ကျောက်စလစ်ခဲတွေ ထပ်ထည့်တယ်။ ကွမ်းသီးလုံး ကျောက်ခဲတွေ မ၀င်နိုင်တဲ့နေရာတွေကို လက်သည်းခွံ ကျောက်စလစ်ခဲတွေ ဖြည့်ဝင် ရောက်သွားတယ်။ အကုန် ၀င်သွားတယ်။ ပြီးတော့ စပါးစေ့လောက် ကျောက်စလစ်တွေ ထပ်ထည့်တယ်။ ကြားတွေထဲကို ပြန့် ဝင်သွားတော့ အကုန်နီးပါး ၀င်သွားပြန်တယ်။ နည်းနည်းတော့ကျန်ခဲ့သေးတယ်။
ပြီးတော့ သဲ တစ်ဆုပ်ကို လောင်းထည့်လိုက်တယ်။ ရေတကောင်း ပြည့်မလို လို ဖြစ်သွားတယ်။
အဲ့ဒါနဲ့ ရေဘူးထဲက ရေကို လောင်းထည့်လိုက်တယ်။
သဲတွေနဲ့ ရေရောပြီး နေရာလွတ် နေရာလေးတွေကို ဖြည့်ဝင်ရောက်ရှိသွားတယ်။
အပေါ်မှာ နေရာလွတ် ပေါ်လာတော့ စပါးစေ့လာက် ရှိတဲ့ ကျန်နေတဲ့ ကျောက်စလစ်လေးတွေကို ထည့်ထပ်လိုက်တယ်။ အကုန် ၀င်သွားတယ်။ ရေတကောင်းလဲ ပြည့်သွားပြီ။
အပြင်မှာ ကျန်ခဲ့တာကတော့ သဲ နည်းနည်း ရယ်၊ ရေ တ၀က်လောက်ရယ်ပါ။
ဒါကို ကြည့်ပြီး ဘယ်လို သင်ခန်းစာ အနေနဲ့ စဉ်းစားလို့ ရပါသလဲ။
ကျွန်တော်တို့ ရဲ့  ဘ၀ကို ရေတကောင်း တစ်ခု အနေနဲ့ သတ်မှတ်ကြည့်ရအောင်။ အချိန်အာဖြင့် အတိုင်းအတာ အကန့် အသတ် ရှိနေတယ်။ တစ်နေ့ မှာ ၂၄ နာရီပဲ ရှိတယ်။ ရေတကောင်းလို ပဲ …ထပ်ပြီး တိုး လို့ မရဘူး။
အဲ့လို အကန့် အသတ် ရှိနေတဲ့ အချိန် ထဲမှာ အရေးအကြီးဆုံး အရာတွေကို အယင် ဦးစားပေးဖို့ လိုတယ်။ အရေးအကြီးဆုံး အရာတွေက ကွမ်းသီး လုံးလောက် ရှိတဲ့ ကျောက်ခဲတွေ ပေါ့။ အဲ့ဒါတွေကို အဓိက ဦးစားပေး လုပ်ရမယ်။ ပြီးမှ သိပ်အရေးမကြီးတဲ့ အရာတွေ ကို ဖြည်းဖြည်းချင်းဖြည့်ရမယ်။ အဲ့လို မှ မဟုတ်ပဲ အရေးမကြီးတဲ့ အရာတွေကို ဦးစားပေးမိယင် အရေးကြီးတဲ့ အရာတွေ မ၀င်ရောက်နိုင်တော့ဘူး။ ဒါက အချိန်ပေါ်မူတည်ပြီး စဉ်းစားကြည့်တာ။
ဘ၀ တစ်လျှောက်လုံးနဲ့ လည်း စဉ်းစားကြည့်လို ရတယ်။ ကိုယ့် ဘ၀မှာ အရေးကြီးတာကို ကို ဦးစားပေးဖို့ မေ့နေပြီး အရေးမကြီးတာတွေကို ဦးစား ပေးလိုက်မိယင် အရေးအကြီးဆုံးအရာတွေကို စွန့် လွှတ်လိုက်ရလိမ့်မယ်။ ပြန်လည် မရနိုင်တော့တဲ့ အရာတွေ အများကြီးပဲ။
Credit>>>Tips for Job Seekers and Employers

No comments:
Post a Comment