Wednesday, February 4, 2015

ယူနိုက်တက် တောင်ပံကစားသမား ဇာဟာကို အသင်းဟောင်း ပဲလေ့စ် ပြန်လည်ဝယ်ယူ


ခရစ္စတယ်လ် ပဲလေ့စ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ ဝီလ်ဖရိုက်ဒ် ဇာဟာကို ပေါင်စတာလင် (၆)သန်းမျှ ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ပဲလေ့စ်သည် အသင်း၏ ကစားသမားဟောင်း ဇာဟာကို အငှားခေါ်ယူ ထားရာမှ ယခုအခါ အပြီးသတ် ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၂)နှစ်ရှိ ဇာဟာကို ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်က ပေါင်စတာလင် (၁၅)သန်းဖြင့် ခေါ်ယူခဲ့သော်လည်း ၎င်းသည် ယူနိုက်တက် မန်နေဂျာ နှစ်ဆက်ဖြစ်သည့် ဒေးဗစ်မိုယက်စ်နှင့် လူးဝစ်ဗန်ဂါးလ်တို့ လက်အောက်တွင် နေရာမရခဲ့ချေ။ ယခုအခါ ပဲလေ့စ်သည် အသင်း၏ ပရိသတ် အချစ်တော် ကစားသမားကို တစ်ကျော့ပြန် ခေါ်ယူနိုင်ခဲ့ပြီး ရောင်းချစဉ်က ရရှိခဲ့သည့် ငွေကြေးထက် ပေါင်စတာလင် (၉)သန်းမျှ လျော့နည်းသည့် ပြောင်းရွှေ့ကြေးဖြင့် လက်ရ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဇာဟာသည် အင်္ဂလန် ဘောလုံးလောက၏ အနာဂတ် အလားအလာ အကောင်းဆုံး လူငယ်တစ်ဦးအဖြစ် သတ်မှတ် ခံရသည့်နောက် (၂၀၁၃)ခုနှစ်၊ ဇန်နဝါရီလတွင် ဖာဂူဆန်က ၎င်းကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပဲလေ့စ်တွင် ရာသီဝက် ဆက်လက် အငှားချထားသဖြင့် ဇာဟာသည် ဖာဂူဆန် အနားယူသွားချိန်အထိ ၎င်းလက်အောက်တွင် ကစားခွင့် မရလိုက်ချေ။ ပဲလေ့စ်၏ လက်ရှိ မန်နေဂျာ အလန်ပါဂျူးက ဇာဟာကို ကာလရှည်ကြာ ထိန်းသိမ်းထားလိုပြီး ယူနိုက်တက် မန်နေဂျာ ဗန်ဂါးလ်ကလည်း ၎င်း၏ အနာဂတ် စီမံကိန်းတွင် ကစားသမားကို ထည့်သွင်း စဉ်းစားထားခြင်း မရှိသည့်အတွက် လျှော့ဈေးဖြင့် ပြန်လည် ရောင်းချလိုက်ခြင်း ဖြစ်သည်။


No comments:

Post a Comment