အမေရိကန်သရုပ် ဆောင်မင်းသမီး ဂျန်နာမလုန်း သည် လေယာဉ်မီးလောင်မှုတစ်ခု နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် ဖေဖော်ဝါရီ ၅ ရက် နံနက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့လေဆိပ် သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောက်ရှိခဲ့သည်။
The Hunger Games: Mockingjay ဇာတ်ကားမှ သရုပ် ဆောင်မင်းသမီး ဂျန်နာမလုန်း သည် (၆၅)ကြိမ်မြောက် ဘာလင် နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန် ဖေဖော်ဝါရီ ၅ ရက်တွင် ဘာလင်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ဂျန်နာမလုန်းလိုက်ပါစီး နင်းခဲ့သော လေယာဉ်မှာ စက် ချွတ်ယွင်းမှုဖြစ်၍ ဂျန်နာမှာ အလွန်ထိတ်လန့်ခဲ့ကြောင်း ၎င်း ၏ Instagram စာမျက်နှာ၌ ရေး သားခဲ့သည်။
‘‘ကျွန်မတို့လေယာဉ်ပေါ်မှာ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်လို့ လေ ယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ ရပါတယ်။ မီးသတ်သမားတွေ၊ ထိတ်လန့်နေတဲ့မျက်နှာတွေ၊ အဆက်အသွယ်ပြတ်တောက်မှု တွေနဲ့ အစ္စတန်ဘူလ်မြို့က တစ်ညတာပါ။ ကျွန်မ ကမ္ဘာကြီးကို တစ် ခွန်းတည်း အော်ပြောလိုက်ချင် တယ်။ အဲဒါက ချစ်ခြင်းမေတ္တာ တရား (LOVE)ပါပဲ။ ကျွန်မအနေ နဲ့ စက္ကန့်တိုင်းမှာ အဲဒီချစ်ခြင်း မေတ္တာတရားဆိုတာကို မဖော်ပြ နိုင်ခဲ့ပါဘူး။
အရာအားလုံးပြီးဆုံး သွားတဲ့အချိန်၊ နေရောင်အောက် နဲ့ မိုးရေထဲမှာ လမ်းမလျှောက်နိုင် တော့တဲ့အချိန်၊ အလင်းရောင်နဲ့ ထိတွေ့ခံစားခွင့်မရတော့တဲ့ အချိန်မှာ မင်းတို့ငါတို့သတိရမှာ က ချစ်ခြင်းမေတ္တာတရားပဲဖြစ်ပါ တယ်။ ကျန်ရှိမှာကလည်း ချစ် ခြင်းမေတ္တာတရားပဲဖြစ်ပါတယ်။
ဘေးမသီရန်မခဘဲရှိနေနိုင်တာ အလွန်ကံကောင်းပါတယ်။ ကျွန်မမိသားစုကိုချစ်တယ်။ ကျွန်မဘေး အန္တရာယ်ကင်းရှင်းပါတယ်’’ဟု ဂျန်နာမလုန်းက ၎င်း၏ Instag-ram စာမျက်နှာ၌ ရေးသားခဲ့ သည်။
(၆၅)ကြိမ်မြောက် ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဖေဖော်ဝါရီ၅မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
Credit>>>ဖိုးသူတော်

No comments:
Post a Comment