Tuesday, February 10, 2015

မိန်းမတွေတိုင်းမှာ မျက်လုံးတစ်စုံစီပါကြတယ်။



မျက်လုံးပါကြတာ မှန်ပေမဲ့ အသုံးပြုပုံချင်းကတော့ ကွာခြားကြပါတယ်။

တစ်ချို့မိန်းမတွေက ငိုကြွေးဖို့တွက် အသုံးပြုကြတယ်။
တစ်ချို့မိန်းမတွေက သံသယတွေနဲ့ ကြည့်ဖို့အတွက် အသုံးပြုကြပါတယ်။
တစ်ချို့မိန်းမတွေကတော့ မြင်လျှက်နဲ့ မမြင်ချင်ယောင်ဆောင်ဖို့အတွက် အသုံးပြုကြတယ်။
တစ်ချို့မိန်းမတွေကတော့ လိုအပ်ချက်တွေကို ရှာဖွေပြုပြင်ဖို့အတွက် သုံးကြပါတယ်။
တစ်ချို့မိန်းမတွေကတော့ အပြစ်ရှာဖို့အတွက် သုံးကြတယ်။

ဥာဏ်အရှိဆုံးမိန်းမကတော့ နားလည်မှုအရှိဆုံး ဘ၀လက်တွဲဖေါ် ယောကျာ်းတစ်ယောက်ကို ဒီမျက်လုံးကို အသုံးပြုပြီး ဂရုတစိုက်ရှာဖွေပါတယ်။
ဦးနှောက်နဲ့ စဉ်းစားပြီး နှလုံးသားနဲ့ ခံစားရွေးချယ်တတ်ကြပါတယ်။

မျက်လုံးပါကြတာချင်းတူတူ မြင်သင့်တာမြင်အောင်ကြည့်ပြီး
ရွေးချယ်သင့်တာကို ရွေးချယ်လိုက်ပါ။
စွန့်လွှတ်သင့်တာတွေကို ရဲရဲဝံ့ဝံ့စွန့်လွှတ်လိုက်ပါ

  

Credit>>>မနုဿ

No comments:

Post a Comment