အိမ်ရှင်မ များ အတွက်. လွယ်ကူမြန်ဆန်ပြီး၊ ကျမ်းမာရေးနဲ့ညီညွတ်တဲ့ ကော်ပြန့်စိမ်း လုပ်နည်းကို တင်ဆက်ချင်ပါတယ်။
အရမ်းကိုလွယ်ကူပြီး၊ အကုန်အကျလဲ သက်သာ သလို၊ အဆီရှောင်ချင်တဲ့သူ တွေအတွက် အထူးသင့်လျော်ပါတယ်။
ပါဝင်တဲ့ပစ္စည်းတွေကတော့
ေ်ေ ကော်ပြန့်စိမ်း ၂၀ ရွက် ( Supermarket များမှာ အလွယ်တကူဝယ်လို့ ရပါတယ် )
ကြက်သား ( ထည့်လိုလျင် ) အသား ၁၀ သား
ေ ဂေါ်ဖီထုတ် ၁၅ ကျပ်သား
မုန်လာဥနီ အနေတော် ၁ လုံး
တရုတ်နံနံ ၁ စီး
ကြက်ဥ ၁ လုံး
နှ နှမ်းမွေးဆီ အနည်းငယ်
တရုတ်မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁ လုံး
ပဲပိစပ်ဆီ စတီးဇွန်း ( ၁ ) ဇွန်း
ကြက်သားကို နုတ်နုတ် စဉ်းပြီး ၊ ကြက်သွန်ဖြူ ၅ မွှာခန့်ထောင်းထည့်၊ အရသာမှုန့်ထည့်နယ်ကာ နှပ်ထားရပါမယ်။
ေ
ဂေါ်ဖီထုတ်ကို ပါးပါးလှီး၊ မုန်လာဥနီကို ပါးပါးလှီး၊ ကြက်သွန်နီကို အတုံးလေး တွေဖြစ်အောင်လှီး၊
ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားရပါမယ်။
ဆီအိုးတည်ပြီး၊ ပဲပိစပ်ဆီကျက်ရင် ကြက်သွန်ဖြူကို ဆီသပ်ပါမယ်။ နယ်ထားတဲ့ ကြက်သားကို ထည့်ပြီး ၅ မိနစ်ခန့်ရေကုန်အောင်လုံးရပါမယ်။ နုတ်နုတ်စဉ်းထားတဲ့အတွက် ၅ မိနစ် ကနေ ၇ မိနစ်ကြားရေကုန်ရင် ကျက်ပါပြီ။ ကြက်သွန်နီ ဂေါ်ဖီထုတ် မုန်လာဥနီ တို့ကို အစဉ်လိုက်ထည့်ရပါမယ်။ အရမ်းနူးသွားရင်စားမကောင်းတဲ့အတွက် အရသာမှုန့်ထည့်ပြီးတာနဲ့ ၂ မိနစ်ခန့်မွှေပြီး၇င်၊ ခေါက်ထားတဲ့ ကြက်ဥ ၁လုံး ၊ နှမ်းဆီမွှေး နဲ့ တရုတ်မဆလာ ထည့်ရပါမယ်။ ပြီးတာနဲ့ အနေတော်ညှပ်ထားတဲ့ တရုတ်နံနံထည့်အုပ်လိုက်ပြီး ရင် အအေးခံထားရပါမယ်။
တချို့ကလဲ အဲဒီ အချိန်မှာ ကော်မှုန့်စတီးဇွန်း ၁ဇွန်းစာလောက်ကို ခပ်ပြစ်ပြစ်ဖျော်ပြီး လောင်းထည့်တတ်ပါတယ်။ ကော်နဲ့ မကြိုက်ရင်တော့ မထည့်ပဲ ချထားပြီးအအေးခံထားလို့ ရပါပြီ။
ဝယ်ထားတဲ့ ကော်ပြန့်ဖတ်တွေကို တလွှာခြင်းဆီ ခွါထားရပါမယ်။ အကယ်လို့ ချက်ထားတဲ့ အစာမှာ ဆီ ကျန်နေသေးတယ်ဆိုရင် အိုးကို နဲနဲ စောင်းပြီး ဆီစစ်ထားရင် ပိုကောင်းပါတယ်။
ေ ကော်ပြန့်ဖတ်ကိုခင်း၊ ချက်စားတဲ့အစာကိုထည့်ပြီး လိတ်လိုက်ရင် ကော်ပြန့်စိမ်းရပါပြီ။
ေ
ကော်ပြန့်စိမ်းကို ခပ်နွေးနွေးလေး ကိုက်စားပြီး၊ အချဉ်ရည်တို့လို က တို့၊ မတို့ရင် ငရုတ်သီးစိမ်း လေးကိုက်စားကာ၊ ရေနွေးပူပူလေး မှုတ်သောက်လိုက်ရင်တော့ ၊ လိုက်ဖက်လွန်းတဲ့ ဟင်းလျာ တခု ဖြစ်မှာပါ။
Credit>>>Cook Myanmar

No comments:
Post a Comment