ကိုရီးယားနိုင်ငံမှာ ဆိုးလ်မြို့မှာ ကျင်းပမယ့် Mr. International 2014ပြိုင်ပွဲကို မြန်မာနိုင်ငံက Face of Myanmar 2014 ဆုရ
မော်ဒယ် အောင်ချမ်းမြတစ်ယောက် နိုင်ငံကိုယ်စားပြုအဖြစ် မကြာခင်
သွားရောက်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ အောင်ချမ်းမြတစ်ယောက်
ဘာတွေပြင်ဆင်နေသလဲ။
Face of Myanmar 2014 ဆုရဖူးပြီး ပြည်ပမှာလည်း ပထမအကြိမ်သွားရောက်ယှဉ်ပြိုင်ဖူးတဲ့ မော်ဒယ် အောင်ချမ်းမြက သူ့ရဲ့ဒုတိယမြောက် ပြိုင်ပွဲအတွက် ခန္ဓာကိုယ်ထိန်းသိမ်းရေးလုပ်ေ နသလို ဘာသာစကားပိုင်းဆိုင်ရာ မေးခွန်းတွေရဲ့ အခက်အခဲကို ကျော်ဖြတ်ဖို့ အကောင်းဆုံးကြိုးစားနေတယ်လို့ ကမာရွတ်မီဒီယာကို ပြောပြပါတယ်။
ဇန်နဝါရီ ၃၁ကနေ ဖေဖော်ဝါရီ ၁၂အထိ ဆိုးလ်မြို့မှာကျင်းပမယ့် Mr. International 2014 ပြိုင်ပွဲအတွက် ဖေဖော်ဝါရီ ၃ရက်နေ့ကျရင် မြန်မာနိုင်ငံက ထွက်ခွာမယ့် အောင်ချမ်းမြက ကိုရီးယားမှာ ကျင်းပတဲ့ Asia New Star Model 2013ကို
မော်ဒယ်အနေနဲ့ ပြိုင်ခဲ့ပြီး အခုမှ နိုင်ငံကိုယ်စားပြု အလှမောင်အဖြစ်
ယှဉ်ပြိုင်ရမှာမို့ မတူတဲ့အကြောင်း၊ အလှမောင်ကတော့
နိုင်ငံရဲ့ယဉ်ကျေးမှုတွေပါ ပါဝင်မှာဖြစ်သလို သူ့ရဲ့ National Costume က ကုန်းဘောင်မင်းဆက် ဘုရင်တွေဝတ်ဆင်တဲ့ ဝတ်စုံဖြစ်တယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့
ကြုံတွေ့လာရမယ့် အခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်သွားမှာဖြစ်ပြိး
နိုင်ငံအတွက် ကြိုးစားမှာမို့ ပရိသတ်တွေကလည်း သူ့ကိုအားပေးကြပါလို့
အောင်ချမ်းမြက ဆိုပါတယ်။
Credit>>>Kamayut Media

No comments:
Post a Comment