လူရယ်လို့ ဖြစ်လာပြီဆိုရင် ဒုက္ခဆိုတာ သူ့ အလိုလိုပါလာတော့တာပဲ။ ဒီခန္ဓာကြီး ရပြီ ဆိုကတည်း ဖြစ်ခြင်း၊ ပျက်ခြင်းတွေ ရှိလာပြီ။
စိတ်ကို မိမိကိုယ်တိုင် ကောင်းအောင် မထိန်းကျောင်းနိုင်သ၍ ဒီစိတ်က ခန္ဓာကြီးကို အမျိုးမျိုး ခိုင်းစေနေတော့မှာလေ။ အတွင်းစိတ်က မကြည်မလင် ဖြစ်ပြီးဆိုတာနဲ့  တွေ့ သမျှကိုလည်း မကြည်မလင်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် စိတ်ဟာ အရေးကြီးပါတယ်။
ကိုယ်တစ်ယောက်တည်း စိတ်ညစ်နေတယ်လို့ မထင်ပါနဲ့ ။ သူများလည်း ကိုယ့်လိုလူဖြစ်တဲ့ အတွက် သူများလည်း အပူဆိုတာ ရှိတာပဲ။ ကိုယ်ပူတတ်သလို သူများတွေလည်း ပူတတ်ပါတယ်။ ကိုယ်စိတ်ညစ်တတ်သလို၊ သူများတွေလည်း စိတ်ညစ်မှာပါ။ တစ်လောကလုံး တစ်ပြိုင်တည်း စိတ်ညစ်ကြည့်ပါလား။ သောကမီးတွေက ကမ္ဘာကြီးကို လောင်မြိုက်သွားတော့မှာပေါ့။
အကောင်းလောကဓံတရားဆိုတာလည်း မမြဲပါဘူး ခဏတာဧည့်သည်ပါ။ အဆိုးလောကဓံတရားဆိုတာလည်း မမြဲပါဘူး သူလည်း ခဏတာ ဧည့်သည်ပဲ။ ဧည့်သည်ချင်းတူတူ၊ ခဏတာလာတာခြင်း တူတူ အမြဲတမ်း အပြုံးနဲ့ တုံ့ ပြန်နိုင်ရင် မကောင်းဘူးလား။ အပြုံးခဏက တစ်
ဘ၀စာ အားဖြစ်သွားမှာပါ။
ကိုယ်ကအမြဲတမ်း စိတ်ညစ်စရာမလို အပူပင်ကင်းကင်းနဲ့ နေနိုင်တယ်ပဲထားဦး၊ အဲ့ဒီ့ပြည့်စုံပါတယ်ဆိုတဲ့ အရာတွေရဲ့နောက်မှာ အပူပင်တွေ၊သောကတွေကလည်း ရှိတော့ တစ်နေ့ မဟုတ် တစ်နေ့  စိတ်ညစ်စရာ ဆိုတာ ကြုံလာဦးမှာပဲ။ ငါက ဒီလောက်ပြည့်စုံနေတာ မနာလိုတဲ့လူ
တွေများ အနားမှာရှိနေမလား၊ ရန်မူမလားဆိုတာတွေ အပြင် ငါသာ ဒီလိုဘ၀ကိုဆုံးရှုံးရရင် ဘယ်လိုနေရမလည်း၊ ဒီဥစ္စာတွေကရော ငါနဲ့ ဘယ်ချိန်ထိ ရှိနေမှာလည်း ဆိုတဲ့ ပူပင်သောကတွေ ၀ိုင်းနေမှာပဲ။ ဘွဲ့ ထူး၊ ဂုဏ်ထူး၊ ရားထူးတွေလည်း ထိုးနည်းတူပါပဲ။
စိတ်ညစ်စရာတွေချည်း တွေးနေရင် စိတ်ဆိုတာ ဘယ်တော့မှာ ချမ်းသာမှုမရပါဘူး။ စိတ်မှာ ကောင်းမွန်တဲ့ ငြိမ်းအေးမှုအကြောင်းတွေကို ရည်မှန်းပြီး တွေးမယ်ဆိုရင် စိတ်ဆိုတာ ချမ်းသာမှုရမှာပါ။ သတိ၊သမာဓိ၊ဥာဏ်အားကောင်းလာတာနဲ့ အမျှ စိတ်ရဲ့ သဘာဝ ၊စိတ်ရဲ့ အဖြစ်အပျက်
တွေကို တွေ့ မြင် လာပြီး စိတ်ညစ်တာ ၊စိတ်ဆင်းရဲတာတွေလည်း တဖြည်းဖြည်းနဲ့ လုံးဝပျောက်ကင်းသွားပါလိမ့်မယ် ။ ငြိမ်းအေးလှတဲ့တရား
အရသာနဲ့ အတူ စိတ်ချမ်းသာမှုကိုလည်း အပြည့်အ၀ခံစားလာရပါလိမ့်မယ် ။
ဒါကြောင့်ဘ၀မှာ စိတ်ကျေနပ်မှုရအောင် ဘယ်လိုတွေးရမယ်၊ ဘယ်လိုကျင့်သုံးရမယ်ဆိုတာ အရေးပါ ပါတယ်။ စိတ်တွေ ညစ်နွမ်းလာပြီဆိုရင် ညစ်နွမ်းတဲ့ အလုပ်တွေကို အလိုလို လုပ်မိတတ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း မင်္ဂလာရှိအောင်တွေးတတ်ဖို့ ၊နေတတ်ဖို့  အထူးလိုအပ်
ပါတယ်။ မေတ္တာစိတ် (အဒေါသ) လေး အမြဲ မွေးထားမယ်ဆိုရင်လည်း စိတ်ကို တည်ငြိမ်စေပါတယ်။
ကိုယ်ခံအား မကျဆင်းအောင်၊ လျော့နည်းမှု မရှိအောင် စိတ်ညစ်မခံရဖို့ အရေးကြီးလှပါတယ်။ မှာချင်ပါတယ်၊ စိတ်ညစ်အောင် မတွေးကြပါနဲ့ ။
Credit>>>True Man

No comments:
Post a Comment