Saturday, January 31, 2015

အီတလီစတိုင် လှပပြီးအရသာရှိသော Spaghetti ချက်ပြုတ်နည်း


အစားသောက်ချစ်သူများအတွက် အီတလီစတိုင် Spaghetti ချက်ပြုတ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။

 





Spaghetti တွင် ပါဝင်ပစ္စည်များ

Spaghetti ခေါက်ဆွဲထုပ် – တ၀က် (၁၅၀ ဂရမ်)

ေေ ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
 

 ရေ – ၂လီတာ

သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Parmansen ချိစ် – ၂ပြား (ဖြူးရန် ခြစ်တံခြစ်ထားပါ)

Bolognese ဆော့အတွက် ပါဝင်သောပစ္စည်းများ

အမဲသား (သို့) ၀က်သား – ၂၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)

ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ခရမ်းချဉ်သီး အနှစ် (Tomato Paste) – စားပွဲတင်ဇွန်း ၄ဇွန်း

ခရမ်းချဉ်သီး – ၃လုံး (ပြုတ်ပြီ အစေ့ထုတ် အတုံးသေးလေးများ တုံးထားပါ)

ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ

သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ငရုတ်ကောင်းမှုန့် (အမဲ) – စားပွဲတင်ဇွန်း တ၀က် (ထောင်းပြီးသား အမှုန့်)

ဟင်းချက်ဝိုင်နီ (Red Wine) – စားပွဲတင်ဇွန်း ၃ဇွန်း

သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

Oregano၊ Thyme – စားပွဲတင်ဇွန်း တ၀က်စီ (အနောက်တိုင်း ဟင်းခတ် အမွေးအကြိုင်)

(City Mart Market Place တွင် Oregano, Thyme အမွှေးအကြိုင်များ ၀ယ်ယူနိုင်သည်။)

 


ချက်ပြုတ်နည်း

၁။ အရင်ဆုံး Bolognese Sauce ကို အရင်ချက်ရပါမည်။

၂။ ဒယ်ထဲ သံလွင်ဆီ (စားပွဲတင်ဇွန်း ၄ဇွန်း) ထည့် ကြက်သွန်ဖြူ၊ နီထည့်ဆီသပ် အညှိရောင်သန်းလာသည် အထိ မွှေပေးပြီး ငရုတ်သီးမှုန့်ထည့်ပေးပါ။

၃။ ပြီးလျှင် အမဲသား(သို့) ၀က်သား၊ ၀ိုင်နီ၊ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ်၊ ဆား၊ သကြားတို့ကို ထည့်ပေးပါ။

၎။ ထို့နောက် အမဲသားကျက်ရန် ရေတခွက်ထည့်၍ မီးသင့်တင့်ဖြင့် တည်ထားပေးပါ။

၅။ ရေနည်းနည်းကျန်လျှင် အပေါ်မှ oregano၊ thyme၊ ငရုတ်ကောင်းမှုန့်တို့ကို ဖြူးပေးပါ။

၆။ Bolognese Sauce ကိုရပြီဆိုလျှင် Spaghetti ခေါက်ဆွဲကို ပြုတ်ပါမည်။ ပြုတ်ရန် ဒယ်အိုးတစ်ခုထဲ ရေ(၂လီတာ) ထည့်ကာ ဆူအောင် တည်ထားပါ။

ရ။ ပြီးနောက် ရေဆူလာလျှင် သံလွင်ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီး Spaghetti ခေါက်ဆွဲများကို ၁၀မိနစ်မှ ၁၅မိနစ် ထိ ကျက်သည်အထိ ပြုတ်ပေးပါ။

၈။ ခေါက်ဆွဲ ကျက်လျှင် ရေအေးပြန်စိမ်ပေးပြီး ဇကာဖြင့် ပြန်စစ်ပေးပါ။

၉။ ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ) ထည့်ပြီး ဇကာစစ်ထားသော ခေါက်ဆွဲ ထည့်ကာ     ၁မိနစ်ခန့် ရောမွှေပေးပြီး အနံ့ရော အရသာပါ ပိုမိုကောင်းမွန်သော Spaghetti ခေါက်ဆွဲကို ရရှိမှာပါ။

၁၀။ Spaghetti တစ်ပွဲစာ ပြင်ရန် ခေါက်ဆွဲ တစ်ဝက်ကို ပန်းကန်ပြားထဲ ထည့်လိုက်ပါ။

၁၁။ Bolognese ဆော့ တစ်ဝက်ကို ထည့်ကာ အပေါ်မှ ချိစ်များ ဖြူးပေးပြီး သုံးဆောင်နိုင်ပါပြီ…





Credit>>>Wartee

No comments:

Post a Comment