Wednesday, January 28, 2015

အနုပညာရှင်တွေကြား ရေပန်းစားလာတဲ့ septum ဖက်ရှင်


နိုင်ငံတကာမှာ ခန္ဓာကိုယ်နဲ့မျက်နှာ အထူးသဖြင့် နား၊ နှုတ်ခမ်း၊ မျက်ခုံး၊ နှာခေါင်း၊ ချက် စတဲ့နေရာတွေမှာ အသားကိုဖောက်ပြီး ကိုယ်ကြိုက်တဲ့အဆင်တန်ဆာ၊ ကွင်း၊ စိန်စတာတွေနဲ့ အလှဆင်လေ့ရှိကြတာ အားလုံးအသိပါ။ အဲ့ဒီလို Body Piercing တွေထဲကမှ ခုနောက်ဆုံးခေတ်စားလာတဲ့ ဖက်ရှင်ကတော့ ပုံမှာပြထားတဲ့အတိုင်း နှာခေါင်းအလည်အသားကို ဖောက်ပြီး ကွင်းတပ်တဲ့ septum စတိုင်ပါပဲ။ အရင်က မိန်းကလေးအနည်းစုသာ လုပ်လေ့ရှိတဲ့ ဒီ septum ဟာ ခုနောက်ပိုင်းမှာ အနုပညာအသိုင်းအ၀ိုင်း၊ မော်ဒယ်အသိုင်းအ၀ိုင်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရပြီဖြစ်ပါတယ်။
ပုံမှာပြထားတဲ့သူတွေထဲက Shay Mitchell ရဲ့ နှာခေါင်းကကွင်းက တကယ်ဖောက်ပြီးတပ်ထားတာလား၊ ဒါမှမဟုတ် အလှတပ်ထားတာလား မသိပေမယ့် အလယ်က Kat Graham နဲ့ ညာဘက်က Rihanna တို့ကတော့ နှာခေါင်းကို တကယ်ဖောက်ထားပြီး ကွင်းတပ်ထားတာလို့ သိရပါတယ်။ တကယ်လို့ ဒီဖက်ရှင်ကို သဘောကျပေမယ့် အဲ့ဒီလို ဖောက်ဖို့မရဲဘူးဆိုရင်တော့ အလှတပ်တဲ့ septum ကွင်းလေးတွေရှာပြီး ဆင်မြန်းကြည့်လိုက်ပါနော်။

Credit >> Trend myanmar

No comments:

Post a Comment