Samsung Galaxy Note 4 ဟာ iPhone 6 Plus ထက် ပိုမို သာလွန်တဲ့ စမတ်ဖုန်း
တစ်လုံး ဖြစ်ကြောင်း ဆိုပါတယ်။ သူဟာ စမတ် ဖုန်းထက် သာလွန်တဲ့ Phablet တစ်လုံး ဖြစ်ပြီး Samsung ရဲ့ လက်ရှိ ထွက်ထားတဲ့ စတ်ဖုန်းနဲ့ Note များထက် ပိုမို သာလွန်ကြောင်းလည်း မီဒီယာ များက ဖော်ပြ ထားပါတယ်။ engadget.com ရဲ့ ရေးသား ဖော်ပြမှု ဖြစ်ပါတယ်။ ရွှေရောင် ဗားရှင်းလည်း ထုတ်လုပ် ထားတာ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Sensor တွေ တိုးလာပြီး S Pen ရဲ့ Feature အမြောက် အများ ပါဝင်လာ ပါတယ်။
အထူးခြားဆုံး အချက် တစ်ခု အနေနဲ့ Multi-Tasking ဖြစ်ပါတယ်။ လုပ်ငန်း လုပ်ဆောင်ချက် ၂ မျိုး၊ ၃ မျိုးကို တစ်ပြိုင်နက်နဲ့ Multi-Screen နဲ့ အသုံးပြုပါတာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် သူက Samsung ဖုန်းတွေထဲမှာ ကင်မရာ အကောင်းဆုံး ဖုန်းလုံးလည်း အမည်တွင်သွားစေ ပါတယ်။
နောက် ကင်မရာ 16 megapixel အပြင် ရှေ့ကင်မရာ 3.7 Megapixel မှာ Feature အသစ်များ တိုးလာပြီး ကင်မရာ အသားပေး အသုံးပြုလို့တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းအားဖြင့် လက်ရှိ iPhone 6 Plus ဟာ 2915 mAh သာ ရှိပြီး Samsung Galaxy Note 4 ကတော့ 3220 mAh ရှိပါတယ်။ Screen Resolution အားဖြင့် 550 ppi ရှိပြီး iPhone 6 Plus မှာ 401 ppi ပဲ ရှိပါတယ်။ မျက်နှာပြင် အရည်အသွေး မှာလည်း Note 4 က သာတာကို တွေ့ရ ပါတယ်။ Note 4 က ထုံးစံ အတိုင်း RAM 3GB နဲ့ လာတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အရင် Note 3 ထက် နောက်ထပ် သာတဲ့ အချက် တစ်ခုက ဘက်ထရီ ကြာရှည်ခံမှု ဖြစ်ပါတယ်။
ဘက်ထရီအား များသလို တော်ရုံလည်း အားမကုန်တာကို လက်တွေ့ အသုံးပြုများက user review တွေမှာ ပြန်လည် ဖော်ပြ ထားပါတယ်။ Note 3 ကနေ စလို့ Samsung ဟာ ကော်နဲ့ ထုတ်တာ မဟုတ်တော့ပဲ Leather နဲ့ ဖြစ်လာပြီး Note 4 ကတော့ Leather နဲ့ သတ္တုနဲ့ ပေါင်းစပ်ထား မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး ဘေးအနားတွေ ပြောင်လက်ပြီး သပ်ရပ်နေတာကို မြင်တွေ့ ရပါတယ်။ လက်ရှိ မြန်မာပြည်မှာ သူ့ပေါက်ဈေးက ၇ သိန်းကျော်မှာသာ ရှိပါတယ်။ ဒါဟာ iPhone 6 Plus ထက်လည်း သက်သာတဲ့ ဈေးပါ။ အနည်းဆုံး ၈ သိန်း ခွဲ လာက် အကုန်ကျခံမှ 6 Plus တစ်လုံး ရနိုင်ချိန် Note 4 ကို ၇ သိန်းကျော်နဲ့ ရတော့ တစ်သိန်း လောက်က ဈေးသက်သာ နေပါပြီ။
၂၀၁၁ ခုနှစ်က Samsung Galaxy Note ကို ၅.၃ လက်မ အရွယ်နဲ့ ထုတ်လာခဲ့တာ ယခုတော့ ၅.၇ လက်မ အထိ ဖြစ်လာ ပါပြီ။ iPhone 6 Plus နဲ့ နှိုင်းယှဉ်ထားမှုကို ဖော်ပြ လိုက်ရ ပါတယ်။

No comments:
Post a Comment