၁။ဦးစားပေးခြင်း။မိမိနှင့်အခြားသူ နှစ်ဦးအနက်အခြားသူကိုဦးစားပေးရမည်။တစ်ကိုယ်ကောင်းမဆန်ရပါ။
၂။ မိန်းကလေးနှင့်ယောက်ျားလေးဆိုလျှင် မိန်းကလေးကို ဦးစားပေးပါ။
၃။မည်သည့်နေရာမဆိုတန်းစီစနစ်ကျင့်သုံးပါ။မိမိကနောက်မှရောက်ပါလျက်ရှေ့ကရောက်နှင့်သူကို ကျော်၍ အတင်းအဓမ္မ အလုအယက်မယူပါနှင့်။
၎။ယဉ်ကျေးခြင်း။ ပြောဆိုရာမှာယဉ်ကျေးသိမ်မွေ့စွာပြောဆိုပါ။ဘယ်အခါမျှအမူအရာမရိုင်းပျပါနှင့်။ရိုင်းပျခြင်းသည်မကောင်းပါ
ယဉ်ကျေးသိမ်မွေ့ခြင်းက ကောင်းပါသည်။
၅။ လူကြီးရှေ့မှ ဖြတ်သွားလျှင် ဦးညွတ်၍ ရိုကျိုးသောအမူအရာနှင့်သွားပါ။လူကြီးရှေ့မှ ဖြတ်ပြေး ခြင်းမျိုး မလုပ်မိပါစေနှင့်။ လူကြီးကခေါ်လျှင်ရိုသေစွာပြန်ထူးပါ။ ဘာလဲ ဘာလုပ်မလို့လဲ စသည်ဖြင့် မပြောပါနှင့် “ခင်ဗျာ”
“ရှင်” စသည်ဖြင့်ပြန်ထူးရပါမည်။
၆။ လူကြီးများစကားပြောနေလျှင် ကြားဖြတ်ဝင်မပြောပါနှင့်မိမိအားမေးမှသာဖြေပါ၊ ပြောပါ။ လူကြီးများ အိပ်စက်အနားယူနေလျှင်၊စကားပြောနေလျှင်၊ အလုပ်လုပ်နေလျှင် ဆူဆူညံညံ မလုပ်သင့် မလုပ်ရပါ။
၇။ မိမိအား သူတပါးကပြောလျှင်၊ ကြည့်လျှင်၊ လုပ်လျှင် မကြိုက်သည့်ကိစ္စများရှိသကဲ့သို့၊ သူတစ်ပါး ကိုလည်း မပြောသင့်၊ မကြည့်သင့်၊မလုပ်သင့်သည့် ကိစ္စ မှန်သမျှကို ကိုယ်ချင်းစာတရားထားရှိ၍ မလုပ်ပါနှင့်။
ဂ။ တစ်ခုခုပေးလျှင်၊ လုပ်ပေးလျှင် “ကျေးဇူးတင်ပါတယ်ခင်ဗျာ”“ကျေးဇူးတင်ပါတယ်ရှင်” ဟုပြန်ပြော ရမည်။
၉။ မိမိအား တစ်ခုခုလုပ်ပေးစေလိုလျှင် “ကျေးဇူးပြုပြီးတော့” ဟူ၍စကားပလ္လင်ခံပြီး ပြောရပါမည်။
၁၀။ လူကြီးကမေး၍ ဟုတ်မှန်ကြောင်း ပြန်ဖြေသည့်အခါ “ဟုတ်ကဲ့ပါခင်ဗျာ” “ဟုတ်ကဲ့ပါရှင်” ဟု ပြောရပြီး၊
မဟုတ်မမှန်ကြောင်း အဖြေပေးလိုလျှင် “မဟုတ်ပါဘူးခင်ဗျာ” “မဟုတ်ပါဘူးရှင်”စသည်ဖြင့် ပြောရပါမည်။
၁၁။ ကတိပေးခြင်း = ကတိ တစ်ခုကို အလွယ်နှင့် မပေးသင့်ပါ။ ပေးထားသည့် ကတိကိုလည်း တည်ရန် လိုပါသည်။ ကတိ မပျက်ပါစေနှင့်။ “မင်းမှာသစ္စာ၊ လူမှာကတိ”ဟူ၍ မြန်မာဆိုရိုးစကား ရှိသည်။
၁၂။ ညွှန်ပြခြင်း = တစ်ခုခု ညွှန်ပြလိုလျှင် လက်ညှိုးထိုးပြနိုင်သော်လည်း၊လူကို လက်ညှိုးထိုးမပြပါနှင့် မပြောပါနှင့်။ ခြေထောက်နှင့်လည်းပစ္စည်းတစ်ခုခုကို မညွှန်ပြပါနှင့် ရိုင်းပါသည်။
၁၃။ ကြွားဝါခြင်းနှင့်အတင်းအဖျင်း = ကြွားဝါ ပြောဆိုခြင်းလုံးဝရှောင်ပါ။ တစ်ယောက်နှင့်တစ်ယောက် အတင်းအဖျင်းမပြောပါနှင့်။
၁၄။ ခိုက်ရန်ဖြစ်ခြင်း = ခိုက်ရန်ဖြစ်ပွားခြင်းလုံးဝမပြုလုပ်ပါနှင့်။သင့်သင့်မြတ်မြတ်နေပါ။တည့်အောင် နေပါ။
၁၄။ နာမည်ဖျက်ခြင်း = သူတစ်ပါး နာမည်ပျက်အောင်မလုပ်ပါနှင့်။ မိမိလည်းနာမည်မပျက်ပါစေနှင့်။ မိမိသာအနစ်နာခံလိုက်ပါ။ နာမည်လုံးဝအပျက်မခံပါနှင့်။
၁၅။ လမ်းဦးစားပေးခြင်း = လူကြီးများလာလျှင် လမ်းဖယ်ပေးပါ။ လူကြီးကလမ်းဖယ်ပေးရလျှင် လူငယ်တို့ ရိုင်းသွားပါလိမ့်မည်။
၁၆။ကန်တော့ပါဟုပြောရခြင်း=အိပ်ပျော်နေသူ၊လဲလျောင်းနေသူကို ကျော်ခွမသွားပါနှင့်၊မည်သို့မျှ ရှောင်သွား၍ မရလျှင် “ကန်တော့ပါ” ဟူ၍ပြောပြီးခွင့်တောင်းပြီးမှ ကျော်သွားပါ။ မတော်တဆ အခြားသူအား ထိခိုက်မိပါက“ကန်တော့ပါ” ဟူ၍တောင်းပန်ပါ။
၁၇။ ကြည့်ခြင်း = လူတစ်ယောက်ကို အကြာကြီး စိုက်မကြည့်ပါနှင့်၊ရိုင်းပါသည်၊ ရန်စသလိုဖြစ်ပါမည်။
၁၈။ ဦးခေါင်းကိုကိုင်ခြင်း = အခြားသူ၏ ဦးခေါင်းကို မကိုင်ပါနှင့်၊မြန်မာများသည် ဦးခေါင်းကို အထွဋ်အမြတ် ထားပါသည်။
၁၉။ နေထိုင်ခြင်း=လူကြီးသူမများထက် မြင့်သောနေရာတွင်မထိုင်ရပါ။လူကြီးများရှေ့တွင်ဒူးထောင်ပေါင်ကားမပြုလုပ်ရပါ။ ခေါင်းရင်းဖက်ခြေထိုးမအိပ်ရပါ။မိန်းကလေးများသည် ယောက်ျားလေးများထက် မြင့်သော နေရာ
တွင် မထိုင်ရပါ။

No comments:
Post a Comment