၁) ကမ္ဘာပေါ်မှာရှိတဲ့ ပုရွက်ဆိတ်တွေအားလုံးရဲ့ စုစုပေါင်းအလေးချိန်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအားလုံးရဲ့ စုစုပေါင်းအလေးချိန်နဲ့ တူတူပဲ…
၂) စပျစ်သီးတွေကို မိုက်ခရိုဝေ့မီးဖိုထဲထည့်ထားရင် ပေါက်ကွဲနိုင်တယ်…
၃) အရောင်တူမျက်နှာပြင် ၆ ခုဖြစ်အောင် လှည့်ပြီးကစားရတဲ့ Rubik’s cube ကိုကစားမယ်ဆိုရင် ဖြစ်နိုင်တဲ့မျက်နှာပြင်အခြေအနေပေါင်း 43,252,003,274,489,856,000 ရှိပါတယ်…
၎) လူတွေဟာ ပျမ်းမျှအားဖြင့် သူတို့သက်တမ်းရဲ့ တစ်နှစ်ခွဲလောက်ကို သန့်စင်ခန်းထဲမှာ ကုန်ဆုံးခဲ့ကြရပါတယ်…
၅) ဂျပန်နိုင်ငံမှာ လေးထောင့်ပုံဖရဲသီးတွေရှိပါတယ်…
၆) McDonald က အသုပ်တွေဟာ သူတို့ရဲ့ ဘာဂါတွေထက် လူတွေကိုပိုဝစေပါတယ်…
၇) A, B, C, D, E နဲ့ F တို့ပါဝင်တဲ့ အတိုဆုံးအင်္ဂလိပ်စာလုံးတွေကတော့ feedback နဲ့ boldface တို့ဖြစ်ပါတယ်…
၈) နေ့စဉ်နေ့တိုင်း ကလေးပေါင်း ၃၉၀၀ က ဆေးလိပ်စသောက်နေကြပါတယ်….
၉) အမေရိကန်သမ္မတဟောင်း James Garfield ဟာ တစ်ချိန်ထဲမှာ လက်တစ်ဖက်က လက်တင်စာကိုရေးပြီး လက်တစ်ဖက်က ဂရိစာကိုရေးနိုင်ပါတယ်…
၁၀) ရုရှားအင်ဂျင်နီယာနဲ့ အာကာသယာဉ်မှူးတစ်ဦးဖြစ်တဲ့ Sergei Avdeyev ဟာ အချိန်ခရီးသည်အဖြစ် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပါတယ်…. သူဟာ အနာဂတ်ကို ၀.၀၂ စက္ကန့် ခရီးရောက်ခဲ့ပါတယ်….
၁၁) နွားသိုးတွေကို အနီရောင်က စိတ်တိုအောင်ဆွမပေးနိုင်ပါဘူး… နွားသိုးတွေဟာ အရောင်တွေကိုခွဲခြားနိုင်ခြင်းမရှိပါဘူး…
၁၂) မိချောင်းတွေဟာ အားအပြင်းဆုံးနဲ့ ကိုက်နိုင်တဲ့ သတ္တဝါတွေဖြစ်ကြပါတယ်… ဒါပေမဲ့ သူတို့ရဲ့ ပါးစပ်ကို အနောက်တိတ်အနည်းငယ်ကို သုံးပြီး ပိတ်ထားလို့ရပါတယ်….
၁၃) ဆင်တွေဟာ ရင်ကွဲနာကျပြိး သေနိုင်ပါတယ်…
၁၄) Adidas နဲ့ Puma တို့ကို တည်ထောင်သူတွေဟာ ညီအစ်ကိုတွေဖြစ်ပြီး နာဇီတွေလည်းဖြစ်ပါတယ်….
၁၅) သေကြောင်းကြံစည်မှုဆိုင်ရာ စာရင်းဇယားများအရ တနင်္လာနေ့ဟာ ကိုယ့်ကိုယ်သတ်သေမှုအများဆုံးနေ့ဖြစ်ပါတယ်…
Credit >>> Serch Myanmar

No comments:
Post a Comment