Wednesday, January 28, 2015

လိုအပ်ချက်တွေကို အသိဥာဏ်နှင့် ယှဉ်ပြီး ဖြည့်ဆည်းပါ


လူတိုင်း လိုအပ်နေတယ်။ တစ်ခုမဟုတ် တစ်ခုကတော့
သူတို့ ဘဝအတွက် လိုအပ်နေတယ်။ ဆင်းရဲတဲ့ သူလည်း လိုအပ်နေတယ်။ ချမ်းသာတဲ့ သူတွေလည်း လိုအပ်နေတယ်။ တစ်စုံတစ်ခုကို လိုအပ်ပြီ ဆိုတာနဲ့ စိတ်ဆင်းရဲ ရတော့မယ်။ ထိုလိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်း ရလိမ့်မယ်။ မဖြည့်ဆည်း နိုင်သရွေ့ စိတ်ပျော်ရွှင်ရမှာ မဟုတ်ဘူး။
တကယ်တော့ လောကမှာ ဘာကိုမှ အလိုမရှိသည့်တိုင် ထိုသူဟာ မဆင်းရဲ သေးပါဘူး။ တစ်စုံတစ်ခု အလိုရှိပြီ ဆိုတာနဲ့ စတင်ပြီး ဆင်းရဲတော့တာပါပဲ။ တစ်ခါတစ်လေကြရင် အသိဥာဏ် ကင်းမဲ့စွာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေကြတယ်။ တကယ် မလိုအပ်တာတွေ ကိုလည်း အရေးတစ်ကြီး လုပ်ပြီး ဖြည့်ဆည်းနေကြတယ်။
အဲဒီတော့ တစ်စုံတစ်ခုကို လိုအပ်ပြီဆိုနဲ့ တကယ်လို မလို အသိဥာဏ်နဲ့ ဆုံးဖြတ် သင့်ပါတယ်။

Credit >>> YoyarLay

No comments:

Post a Comment