ဒီပုံလေးကို ကြည့်ပြီးတဲ့အခါမှာ ပြောစရာစကားဆွံ့အခဲ့ရတယ်ဗျာ..။
ပထမဆုံး ..ဒီ ပုံလေးကို ဖန်တီးထားသူရဲ့ အတွေး စိတ်ကူးလေးကိုလေးစားလို့မဆုံး ၊ ချီးကျူးလို့မဆုံးပါဘူး
ဆောင်းပါး တစ်ပုဒ်စာလောက် ရေးလို့မကုန် စာအုပ်တစ်အုပ် ဖွဲ့လို့ မနိင်တဲ့ အကြောင်း အရာတွေကို
ပုံလေးတစ်ပုံထဲမှာပြောပြသွားနိင်တာ အံ့သြစရာလို့တောင် ဆိုချင်ပါတယ် ။
ပုံကောင်းကောင်းတစ်ပုံဟာ စကားလုံးတွေ အများကြီးကို ကိုယ်စားပြုတယ်ဆိုတာ ဒီပုံလေးက သက်သေ ပြနေသလိုပါဘဲ ။
ပထမတော့ ပေါ့ ပေါ့ ပါးပါးလေး ကြည့်လိုက်ပါ ။
ဒုတိယအကြိမ်မှာ နည်းနည်းလေးစဉ်းစားကြည့်ပါ ။
တတိယအကြိမ်မှာ ဖန်တီးထားသူရဲ့စကားလုံးလေးတွေကို ကြားယောင်လာအောင်နားထောင်လိုက်ပါ
စတုတ္ထအကြိမ်မှာတော့ အံ့သြစိတ်နဲ့အတူ အခြားမိတ်ဆွေ သူငယ်ချင်းတွေကိုလည်း မျှဝေခံစားပြီး
ဆွေးနွေးပြောဆိုနိင်ပါတယ် ။ ဒီပုံလေးကို တစ်ကြိမ်ကြည့်ရုံနဲ့တော့ ပေးချင်တဲ့ message မရနိင်ဘူး
ဆိုတာကိုတော့ မိတ်ဆွေတို့ အပေါ် မိကျောင်းမင်း ရေကင်းပြတာမဟုတ်ဘဲ စေတနာတရားနဲ့
ကြိုတင်သတိပေးစကား ဆိုပါရစေနော် ။
No comments:
Post a Comment