Saturday, January 31, 2015

သူ့မှာ ကိုယ့်အပြင် နောက်ရည်းစားသစ် ရှိနေပြီလား ? ကိုယ့်နောက်ကွယ်မှာခြေရှုပ်နေပြီလား ?


ကမ္ဘာကြီးမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ချစ်သူတွေလို့ဖြစ်လာပြီဆိုရင် အနည်းနဲ့အများတော့ ဖောက်ပြန်တတ်ကြပါတယ်။
ဖောက်ပြန်ကြတဲ့ အကြောင်းရင်းကတော့ အမျိုးမျိုးရှိနိုင်ပေမဲ့ ဖောက်ပြန်နေပြီဆိုတဲ့ သင်္ကေတလေးတွေကို စမ်းစစ်ကြည့်ရအောင်။ ဗဟုသုတအဖြစ် မှတ်ထားလို့ရတာပေါ့...

၀၁. ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ရန်ဖြစ်နေရပြီ။

ဘာမဟုတ်တဲ့ကိစ္စလေးကြောင့် အမြဲတမ်း ရန်ဖြစ်ပြီးယင်း ဖြစ်နေရင်တော့ တစ်ခုခုတော့ တစ်ခုခုပါပဲ။

၀၂. ဖုန်းကို အမြဲတမ်း ကလိနေပြီ။

ဖုန်းကို အမြဲတမ်းကြည့်ပြီး မေးလ်တွေပို့ ခဏခဏကြည့်နေပြီဆိုရင်တော့ နည်းနည်းသတိထားပါ။
ကိုယ့်အတွက် အရေးကြီးတဲ့သူအရှေ့မှာရဲရဲကြီး ဖုန်းချည်းပဲကြည့်နေရင်တော့ သူ့စိတ်က တစ်နေရာကို ရောက်နေပါပြီ။

၀၃. အဝတ်အစားပြောင်းလဲလာပြီလား။

အင်္ကျီအဝတ်အစားပြောင်းလဲလာတယ်ဆိုတာဟာ စိတ်ပြောင်းလဲနေပြီဆိုတဲ့ သင်္ကေတပါ။
အရင်တုန်းက စိတ်မဝင်စားတဲ့အရောင်စသည်ဖြင့် စိတ်ဝင်စားလာရင်တော့ သတိထားကြည့်ပါ။

၀၄. မျက်နှာကို ကြည့်ပြီး စကားမပြောပါ။

တစ်ခုခုကို လှို့ဝှက်ထားတဲ့သူဟာ လူတစ်ယောက်ရဲ့ မျက်နှာကို ကြည့်ပြီး စကားပြောလေ့မရှိပါ။ ဒီအခြေအနေကတော့ အလွယ်ကူဆုံးသောနည်း ဖြစ်ပါလိမ့်မယ်။

၀၅. သူတပါးမကောင်းကြောင်းတွေကို ပြောလာပြီ။

သူက သူတပါးမကောင်းကြောင်းတွေကိုပဲ ပြောလာပြီဆိုရင်တော့ ချစ်သူဖြစ်သူကိုလည်း ဖြစ်နိုင်ရင် မြန်မြန်လက်တွဲဖြုတ်ချင်တယ်ဆိုတဲ့ အတွေးတွေရှိနေပြီ ဆိုတာပါပဲ။

၀၆. အနံ့တွေလည်း မတူတော့ပါ။

လူဆိုတာ အနံ့နဲ့ ပတ်သက်ပြီး သိပ်ပြီး သိလွယ်သောသူပါ။ ဖောက်ပြန်သူတွေရဲ့ အမှားကတော့ အနံ့ကနေ ပေါ်တာပါပဲ။ ရေမွေးနံ့တို့ ဆပ်ပြာနံ့က အိမ်ကအနံ့မဟုတ်တော့ရင်တော့
သူက တစ်နေရာမှာ တစ်ခုခုတော့ လုပ်နေပြီလို့သာ သတ်မှတ်လိုက်ပါ။

၀၇. ချစ်ချစ်ခင်ခင် နေထိုင်ခြင်းတွေနဲ့လည်း ကင်းဝေးလာပြီ။

သူနဲ့အတူတူရှိနေချိန်မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်မူတွေက နည်းသထက်နည်းလာပြီဆိုရင်တော့ မသင်္ကာဖြစ်စရာပါ။

၀၈. မထင်မှတ်ပဲ လက်ဆောင်တွေကိုပေးတယ်။

ဘာအတွက်မှလည်း မဟုတ်ပဲ လက်ဆောင်တွေကို ဝယ်လာရင်တော့ သူဖောက်ပြန်တဲ့အတွက် စိတ်ထဲမှာ မကောင်းလို့ ဝယ်လာတယ်လို့ထင်ပါတယ်။

၀၉. ပုံမှန်ထက် သွားလာလှုပ်ရှားပုံတွေက တမျိုးကြီးပါ။

ပိတ်ရက်မှာ အလုပ်ဆင်းရမယ်ဆိုတာတို့၊ ညအလုပ်များလို့ နောက်ကျမယ်ဆိုတာတို့ တကယ်ကိုများလာမယ်ဆိုရင်တော့ အလုပ်မှာ မဟုတ်ပဲ တစ်ယောက်ယောက်ဆီမှာ ဖြစ်နိုင်ပါတယ်။

၁၀. ဖုန်းကို ပြရမှာကို ကြောက်တယ်။

မဟုတ်တာ မလုပ်ရင် ဖုန်းကိုလည်း ပြနိုင်ရမှာပါ။ မပြနိုင်တာဟာ တစ်ခုခု ပြသာနာရှိလို့ဖြစ်ပါလိမ့်မယ်။ ဥပမာ၊ ဖုန်းကို Lock ချထားပြီး ဖုန်းလာနေလျှက်နဲ့ မကိုင်ရင်တော့ သေချာပါပြီ။

၁၁. ဘယ်သွားမလဲဆိုတာကို မပြော။

ဘယ်သွားမလဲဆိုတာကို မပြောပဲ သွားလာနေပြီဆိုရင်တော့ မဟုတ်တော့ပါ။



Credit >>> Chelmo

No comments:

Post a Comment