Saturday, January 31, 2015

ပျိုမေလေးတို့ရဲ့ လှမျက်တောင်လေးတွေ ကာ့ကော့လေးနဲ့ ထူထူလေးလှနေစေဘို့.....


ပုံ ၁ ။ ။ မျက်ဝန်းကိုပုံတွင်ဖော်ပြထားသည့်အတိုင်းဂျယ်လ်(Gel)အိုင်းလိုင်(Eyeliner)နာဖြင့်
            စုတ်တံအပြားကိုအသုံးပြုပြီး ရေးဆွဲပါ။

ပုံ ၂ ။ ။ ထို့နောက် အပေါ်ဖက်ရှိ မျက်ဝန်းကိုပင် အိုင်းလိုင်နာ ခဲတံဖြင့် Waterline ဆွဲပါ။
 

ပုံ ၃ ။ ။ သင့်မျက်တောင်ကို မျက်တောင်ကော့ကိရိယာဖြင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် ကော့ပါ။
 

ပုံ ၄ ။ ။ အိုင်းရှဲဒိုးစုတ်တံဖြင့် အရောင်မပါသော အမှုန်ကို မျက်တောင်ပေါ်သို့ခြယ်ပေးပါ။
 

ပုံ ၅ ။ ။ Mascara ဖြင့် မျက်တောင်ကို လိမ်းခြယ်ပေးပါ။ မျက်တောင် အခြေကို အဓိက                
           လိမ်းခြယ်ပေးရပါမည်။
 

ပုံ ၆ ။ ။ မျက်လုံးအောက်စိုက်ကြည့်ပြီး မျက်တောင်အပေါ်ပိုင်ကို Mascara ဖြင့် ထပ်မံလိမ်းခြယ်ပေးပါ။
 

ပုံ ၇ ။ ။ ထို့နောက် အရောင်မပါ အမှုန်အနည်းငယ်ကို မျက်တောင် အောက်ခြေတွင် ထပ်ဖြည့်ပေးပါ။
 

ပုံ ၈ ။ ။ Mascara ကို မျက်တောင် အပေါ်အောက်နှစ်ဖက်စလုံးတွင် ပြန်လိမ်းခြယ်ပေးပါ။
           ထူထဲသော မျက်တောင်ကော့ကော့များကိုရရှိပါပြီ။
 

Credit >>> 12 plus myanmar

No comments:

Post a Comment