Wednesday, January 28, 2015

ဆယ်ကျော်သက်အရွယ်တွေကို မပြောသင့်တဲ့ စကားများ


ဆယ်ကျော်သက်အရွယ်ဆိုတာ တွေးပုံခေါ်ပုံ ပြောင်းလဲစအရွယ်၊ အတုမြင်အတတ်သင်တဲ့အရွယ်ဖြစ်တာကြောင့် မိဘတွေအနေနဲ့ သူတို့နဲ့ စကားပြောတဲ့အခါ၊ သူတို့ကို ဆုံးမတဲ့အခါ သတိထားဖို့ လိုအပ်သလို ကိုယ်တိုင်လည်း သူတို့ရှေ့မှာ ဆင်ဆင်ခြင်ခြင် ပြုမူနေထိုင်သင့်ပါတယ်။ ဒီတော့ ဆယ်ကျော်သက်တွေကို ပြောဆိုဆုံးမတဲ့အခါ ဘယ်လိုဆိုကောင်းတယ်၊ မကောင်းဘူးဆိုတာ၊ ချီးမွမ်းတဲ့အခါ ဘယ်လိုလေး ချီးမွမ်းသင့်တယ်ဆိုတဲ့အကြောင်း ပြောပြပေးလိုက်ပါတယ်။
မလိုလားတဲ့ ဆုံးမစကားများ
မူးယစ်ဆေးဝါးတွေ မလုပ်ရဘူး။ ညနက်ကြီး အပြင်မထွက်ရဘူး။ လိင်ကိစ္စ မရှုပ်ရဘူး။ အဲ့ဒီ အဝတ်အစားတွေ မ၀တ်ရဘူး။
ကိုယ်ကျိုးအနစ်နာခံခြင်း
သားသမီးတွေအတွက် စိတ်ဖိအားများတဲ့ သူရဲကောင်းကြီးတွေလို ပြုမူနေထိုင်တတ်တဲ့ မိဘတွေဟာ သားသမီးတွေကို လူကြီးဖြစ်ရတာ ပျော်ရွှင်စရာကောင်းတဲ့ အကြောင်းကို ပြသဖို့တော့ မေ့နေကြတယ်။ ဆယ်ကျော်သက်တွေကလည်း စိတ်ဖိစီးမှု၊ ပူပင်သောကတွေ၊ ခြေကုန်လက်ပန်းကျပြီး အမြဲတမ်းအလုပ်နဲ့ပဲ ပိနေတဲ့ သူတို့လို ဘဝကို ကြည့်ပြီး ဒီလိုမျိုးတော့ အဆုံးမသတ်ချင်ဘူးဆိုတဲ့စိတ် ၀င်သွားတတ်ကြပါတယ်။
ဖြေရခက်တဲ့မေးခွန်း
“ဒီနေ့ ဘယ်လိုလဲ”။ အပြင်လေးထွက်ပြီး ပျော်ပျော်လေးနေဖို့သာ စိတ်ကူးနေကြတဲ့ ဆယ်ကျော်သက်များအတွက် ပြန်ဖြေဖို့ နားလည်ရခက်၊ ရှုပ်ထွေးတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီမေးခွန်းအစား “ဒီနေ့အတွက် မင်းအတွက် အကောင်းဆုံးက ဘာဖြစ်မလဲ” ဆိုတာမျိုးတွေ ပိုပြီး အဆင်ပြေပါလိမ့်မယ်။
ဆယ်ကျော်သက်ကောင်လေးတွေကို ချီးမွမ်းစကားဆိုတဲ့အခါ
“မင်းလုပ်တာ အရမ်းကောင်းတယ်။ ဒါပေမဲ့ နောက်တစ်ခါကျရင် ……” ဆိုတာမျိုးမပြောပါနဲ့။ သူတို့ က ငါ့ကိုချီးမွမ်းစကားဆိုနေတာပါလား ဆိုတာကို မေ့ပြီး သင်ပြောသွားတဲ့ ဒုတိယစာကြောင်း “ဒါပေမဲ့” အပိုင်းကိုသာ ပိုအာရုံစိုက်တတ်ကြတယ်။ ရိုးရိုးလေးသာ ချီးမွမ်းပါ။
ဆယ်ကျော်သက်မလေးတွေကို အားပေးတဲ့အခါ
သူတို့ပြဿနာအားလုံးကို ဖြေရှင်းပေးစရာမလိုပါဘူး။ သူတို့ ဝမ်းနည်းတိုင်း နှစ်သိမ့်စကားပြောဆိုစရာမလိုသလို စိတ်သက်သာရာရအောင် ရယ်စရာဟာသကိုလည်း ပြောစရာမလိုအပ်ပါဘူး။ ဘာအကြံဥာဏ်မှ မပေးခင် နားလည်မှု ရှိအောင်သာ နားထောင်ပေးပါ။
Credit >>> Search Myanmar

No comments:

Post a Comment